25 C
Yangon

ကော့သောင်းမြို့နယ်တွင် ရဲသားအဖ ၂ ဦး စီးနင်းလာသောကားကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံး၊ မြင်းမူမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ရဲမေ ၂ ဦး အရှင်ဖမ်းမိ

Must read

ကော့သောင်းမြို့နယ်တွင် ရဲသားအဖ ၂ ဦး စီးနင်းလာသောကားကို ပစ်ခတ်တိုက်ခိုက်မှု ၂ ဦးလုံးသေဆုံး၊ မြင်းမူမြို့နယ်ရှိ စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ရဲမေ ၂ ဦး အရှင်ဖမ်းမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် ရဲသားအဖ ၂ ဦး စီးနင်းလာသောကားကို ပစ်ခတ်တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း ဒေသ တော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁ဝ နာရီ ၅၀ မိနစ်ခန့်တွင် ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့၊ မာရမ်းကျေးရွာတွင် နေထိုင်သော ရဲသတင်းတပ်ဖွဲ့မှ ရဲတပ်ကြပ် နေစိုးဦးနှင့် ၎င်း၏ ဖခင်ဖြစ်သူ စိုးတင့်တို့ ၂ ဦးသည် ဆိတ်ဖူးကျေးရွာမှ မာရမ်းကျေးရွာကို ကားဖြင့် ပြန်လာစဥ် တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ ရဲမေ ၂ ဦး အရှင်ဖမ်းဆီးရမိခဲ့ကြောင်း တော်လှန်ရေး ရဲဘော် တစ်ဦး ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်ပိုင်းတွင် မြင်းမူမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသောနေရာကို တော်လှန်ရေး မဟာမိတ် အင်အားစုများက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲမေ ၂ ဦး အရှင်ဖမ်းမိပြီး ကျန်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်ပျက်ကာ ထွက်ပြေးသွား​ကြောင်း၊ ဖမ်းဆီးရမိသော ရဲမေ ၂ ဦးကို သက်ဆိုင်ရာ ပကဖ အဖွဲ့ထံ အပ်နှံထားကြောင်း သိရသည်။

အလားတူ စစ်ကိုင်းမြို့မှ ထွက်လာသော စစ်ကားများကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ညောင်ပင်၀န်း အနီးတွင် ဆက်လက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီး မိုင်းထိမှန်ကာ လူနာတင်ယာဥ် ၂ စီးဖြင့် ထိခိုက် ဒဏ်ရာရရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သယ်ဆောင်သွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article