25 C
Yangon

ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာမှ သံဃာတော် ၆ ပါးကို စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား

Must read

ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာမှ သံဃာတော် ၆ ပါးကို စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား

ရန်ကုန်၊ ဖေဖော်ဝါရီ ၁

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ နန်းပရုပ်ကျေးရွာမှ သံဃာတော် ၆ ပါးကို အကြမ်းဖက် စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က သံဃာတော် ခြောက်ပါးကို လူသားဒိုင်း အဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း၊ အဆိုပါ သံဃာတော်များသည် နန်းပရုပ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းမှ ဖြစ်ပြီး အကြမ်းဖက်စစ်တပ်သည် ဘုန်းကြီးကျောင်းတွင် ၂ ရက်ကြာ ဝင်ရောက်တပ်စွဲခဲ့ပြီးနောက် ၇ မိုင်ရွာဘက် ပြန်သွားချိန်တွင် သံဃာတော်များကို အကြောင်းမဲ့ ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရသည့် သံဃာတော်များကို အကြမ်းဖက် စစ်တပ်က ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article