25 C
Yangon

သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိရွာ ပြည်သူ့စစ် ခေါင်းဆောင် ၁ ဦးကို သေနတ် ၅ လက်နှင့် အတူ ဖမ်းဆီးရမိ

Must read

သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိရွာ ပြည်သူ့စစ် ခေါင်းဆောင် ၁ ဦးကို သေနတ် ၅ လက်နှင့် အတူ ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိရွာ ပြည်သူ့စစ် ခေါင်းဆောင် ၁ ဦးကို သေနတ် ၅ လက်နှင့် အတူ ဖမ်းဆီးရမိခဲ့ကြောင်း တောင်ညို စစ်ကြောင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် သံဖြူဇရပ်မြို့နယ် ၊ကရုပ္ပိရွာ ပြည်သူ့စစ်ခေါင်းဆောင် ကာတွန်း (ခ) အတွမ့်ကို တောင်ညို စစ်ကြောင်း (KNLA +PDF) တပ်ခွဲ ၁ က ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကရုပ္ပိရွာ ပြည်သူ့စစ်ခေါင်းဆောင် ကာတွန်း (ခ) အတွမ့် ထံမှ AK ၃ လက် ၊ ကျည်ဘောက် ၂ ခု၊ ကျည် ၄၂ တောင့် ၊ M16 ၁ လက်၊ 380 ဆုံလည် ၁ လက် တို့ကိုလည်း တောင်ညို စစ်ကြောင်း တပ်ခွဲ ၁ က သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article