36 C
Yangon

သံဖြူဇရပ်၊ အနင်းရွာနှင့် ထင်းရှူးရွာရှိ ရဲစခန်းများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၃ ဦး သေဆုံး

Must read

သံဖြူဇရပ်၊ အနင်းရွာနှင့် ထင်းရှူးရွာရှိ ရဲစခန်းများကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၃ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် အနင်းကျေးရွာနှင့် ထင်းရှူးကျေးရွာရှိ ရဲစခန်းများကို တော်လှန်ရေး အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများဘက်မှ ၁၃ ဦး သေဆုံးခဲ့ကြောင်း တောင်ညို စစ်ကြောင်းထံမှ သိရသည်။

ဇန်နဝါရီ ၃၁ ရက်နေ့ နံနက် ၆ နာရီချိန်မှ စ၍ ၁၁ နာရီခန့်အထိ အနင်းရွာရဲစခန်းနှင့် ထင်းရှူးရွာ ရဲ စခန်း ကို တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အနင်းရွာရဲစခန်းမှ စစ်ကောင်စီတပ်သား ၃ ဦး သေ ဆုံးပြီး ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ထင်းရှူးရွာရဲစခန်းမှ စစ်ကောင်စီတပ် သား ၁၀ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့သို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်ခါနီးမှ ရဟတ်ယာဉ်နှင့် ပစ်ခတ်ခြင်း၊ မြေပြင်မှ စစ်ကူအများအပြားစေလွှတ်ခြင်းနှင့် လက်နက်ကြီးများဖြင့် လှမ်း၍ ပစ်ခတ် ခြင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ရေးဘီဘူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်း ဌာနသို့ ပြောကြားသည်။

“တိုက်ပွဲအရမ်းပြင်းထန်တယ်။ သူတို့ဘက်က ခံစစ်အနေနဲ့ ပြန်လည်ခုခံတဲ့အချိန်က တအားကြာ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ စခန်းကို သိမ်းလို့ရခါနီး ထွင်းဖောက်နိုင်တဲ့အချိန်မှာ သူတို့ဘက်က လေ ကြောင်းပစ်ကူတွေက ရောက်လာတယ်။ စကစဘက်က ကျတာများတယ်။ ဘာလို့ဆို စခန်းကို ရနေ ပြီ။ ခြံစည်းရိုးတောင်ဖောက်လို့ရပြီ။ ဖောက်နေပြီ။ အဲဒီအချိန် သူတို့ဘက်က ပစ်ကူတွေ တအား များ တာ ရော လေကြောင်းလည်း ရောက်လာလို့ ပြန်ဆုတ်လာခဲ့တယ်” ” ဟု ရေးဘီလူးအဖွဲ့ခေါင်း ဆောင်က ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အဆိုပါ တိုက်တိုက်ခိုက်မှုကို KNLA တပ်ရင်း ၂၇ ၊ ရေးဘီလူးတပ်ဖွဲ့၊ တောင်ညိုစစ်ကြောင်း၊ ပဒဲကော အဖွဲ့ လေးဖွဲ့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KNLA ၏ ဗျူဟာအတိုင်း တိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ပွဲသည် ၅ နာရီခန့်ကြာဖြစ်ပွားခဲ့ ပြီး မွန်ပြည်နယ်တွင် အချိန်အကြာဆုံး တိုက်ပွဲ ဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့ဝင် ၅ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article