25 C
Yangon

သိမ်ဇရပ်မြို့ရှိ စစ်တပ်၏ လုံခြုံရေးဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

Must read

သိမ်ဇရပ်မြို့ရှိ စစ်တပ်၏ လုံခြုံရေးဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ လုံခြုံရေးဂိတ်ကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း Yangon Eagles (EB) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ ခလရ ၂၀၇ အနီး ကျောက်မိုင်းတွင်းရှိ စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီး အင်အား ၅၀ ခန့် ပူးပေါင်း တပ်စွဲထားသော လုံခြုံရေးဂိတ်ကို Yangon Eagles (EB) နှင့် ပူးပေါင်း မဟာမိတ်အဖွဲ့များက ၆၀ မမ‌ စိန်ပြောင်းများ၊ ၄၀ မမ ဗုံးပစ်လောင်ချာများ၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးကာ ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

“တိုက်ခိုက်မှုကြောင့် ရန်သူစစ်ကောင်စီ တပ်သား ၃ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တာတော့ရှိတယ်” ဟု Yangon Eagles (EB) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU ၊ Yangon Eagles(EB) ၊ IAF(Iron Adventures Force) ၊ ကျိုက်ထို ပကဖ နှင့် သိမ်ဇရပ် ပကဖ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article