36 C
Yangon

ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သား အလောင်း ၇ လောင်းနှင့် လက်နက် ၃ လက်သိမ်းဆည်းရရှိ

Must read

ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သား အလောင်း ၇ လောင်းနှင့် လက်နက် ၃ လက်သိမ်းဆည်းရရှိ

■ တပ်ပျက်၍ ထွက်ပြေးနေသော စစ်သားများကို တော်လှန်ရေး တပ်ဖွဲ့များ လိုက်လံ တိုက်ခိုက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားပြီး စစ်သား အလောင်း ၇ လောင်းနှင့် လက်နက် ၃ လက်သိမ်းဆည်းရရှိထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှ စ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် ရွှေပြည်အေးမြို့ကို အကြမ်းဖက်စစ်တပ်နှင့် SNA ပူပေါင်းအဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ရက်ရှည်ဖြစ်ပွားခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စစ်ကောင်စီ တပ်သား အားလုံး တပ်ပျက်ကာ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများ ဆုတ်ခွာရာ လမ်းကြောင်းများကို တော်လှန်ရေး တပ်ဖွဲ့များက လိုက်လံ ပိတ်ဆို့ တိုက်ခိုက်လျက်ရှိကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဥ် စစ်သား အလောင်း ၇ လောင်း၊ သေနတ် ၃ လက်နှင့် ခဲယမ်းမီးကျောက်များ သိမ်းဆည်းရရှိကာ ရွှေပြည်အေးမြို့ကို အပြည့်အဝ ပြန်လည် ထိန်းချုပ်ထားကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသကွပ်ကဲမှုဖြင့် စစ်ကိုင်းတိုင်း အထူးတပ်ရင်းများ၊ ခန္တီးခရိုင် တပ်ရင်းများနှင့် ပကဖ အဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article