33 C
Yangon

သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ခမရ ၆၀၃ တပ်ရင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံး

Must read

သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ခမရ ၆၀၃ တပ်ရင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံး

ရန်ကုန်၊ဖေဖော်ဝါရီ ၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ခမရ ၆၀၃ တပ်ရင်းနှင့် ရဲစခန်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ကျော်သေဆုံးကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက လိပ်သိုမြို့ကို ၂၀၂၄၂၂ စစ်ဆင်ရေးတစ်ရပ်အဖြစ် တိုက်ခိုက်ခဲ့ကြောင်း၊

အဆိုပါစစ်ဆင်ရေးတွင် KNLA တပ်မဟာ ၂ အထူးတပ်ရင်းအထူးတပ်ဖွဲ့ဖြစ်သော Sniper Forceနှင့်အလယ်ပိုင်းတိုင်း နေပြည်​​ေတာ် PDF တပ်ရင်း (၈၀၆)ပူးပေါင်း Spring Hero Column (နွေဦးသူရဲကောင်းများစစ်ကြောင်း)တို့က လိပ်သိုမြို့ရှိ ခမရ ၆၀၃ တပ်ရင်းစခန်းနှင့် လိပ်သိုလ်မြို့ မ(ရဲစခန်း)တို့ကို တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၈ နာရီ ၁၉ မိနစ်အချိန်တွင် လိပ်သိုမြို့မ ရဲစခန်းကို စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၁၀ နာရီ ၁၁ မိနစ်အချိန်တွင် ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ ခမရ ၆၀၃ တပ်ရင်းစခန်းကို နံနက် ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုများတွင် လိပ်သိုမြို့မ ရဲစခန်းမှ စခန်းမှူး အပါအဝင် စစ်သားနှင့်ရဲ ၂၀ ကျော် သေဆုံးပြီး များအပြားဒဏ်ရာရရှိကြောင်း သိရှိရသည်။

လိပ်သိုမြို့မရဲစခန်းတိုက်ခိုက်နေစဉ် လိပ်သိုစစ်တပ် ဗျူုဟာနှင့်မိတာ ၁၀၀၀ ခန့်သာ ကွာဝေးသဖြင့် လက်နက်ကြီး အများအပြားဖြင့် ပစ်ကူပေးပြီး တောင်ငူဘက်မှလည်း စစ်ကူအင်အားအလုံရင်းဖြင့်တက်လာသောကြောင့် တော်လှန်ရေးတပ်များက ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ဆင်ရေးတွင် ပါဝင်သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article