25 C
Yangon

တန့်ဆည်နှင့်ရွှေဘိုရှိ စစ်တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲပြီး ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ စစ်သား ၃ ဦး သေဆုံး

Must read

တန့်ဆည်နှင့်ရွှေဘိုရှိ စစ်တပ်စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲပြီး ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ စစ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်၀ါရီ ၄

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်အခြေစိုက်စခန်းများနှင့် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ စစ်တပ်စခန်းတို့ကို တန့်ဆည်PDF နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများ၊ ရှော့တိုက်ဒုန်းများဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၃ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ အများအပြားရှိကြောင်း တန့်ဆည် PDFထံမှ သိရှိရသည်။

တန့်ဆည်PDF တပ်ဖွဲ့ဝင်များက တန့်ဆည်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော မြို့မရဲစခန်း၊ ထွေအုပ်ရုံးနှင့် ဘောလုံးကွင်းထဲသို့ ‌ဖေဖော်ဝါရီလ ၂ရက် နံနက် ၁၂နာရီခန့်တွင် ရှော့တိုက်ဒုန်း ၅လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ ဖေဖော်ဝါရီလ ၃ရက် ည ၁၁နာရီခန့်တွင် ရှော့တိုက်ဒုန်း ၃လုံးပစ်သွင်း၍ fixed wings ဖြင့် ဗုံးသီးတစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာရှိ စစ်တပ်နှင့် ပျူစောထီးအခြေစိုက်စခန်းကို ရွှေဘိုအခြေစိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ တန့်ဆည်PDF ရဲဘော်များက ဖေဖော်ဝါရီလ ၁ရက် နေ့လယ် ၂နာရီ ၁၅မိနစ်မှ ၄နာရီ ၁၈မိနစ်အထိ ဒရုန်းဖြင့် ဗုံးသီး ၁၁လုံး ကြဲချတိုက်ခိုက်ရာ အနည်းဆုံး စစ်သား ၃ဦး သေဆုံးသည်ဟု အတည်ပြုနိုင်ကြောင်း တန့်ဆည်PDF ရှေ့တန်းရဲဘော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

” တန့်ဆည်မြို့ပေါ်က စခန်းတွေကို တိုက်တာက ညဘက်ဆိုတော့ ထိခိုက်သေဆုံးမှုကို သေချာအတည်မပြုနိုင်ဘူး။ စစ်ခွေးတွေဘက်က အထိနာပြီးတော့ လက်နက်ငယ်တွေ စက်သေနတ်တွေနဲ့ အဆက်မပြတ်ပြန်ပစ်တယ်။ ရွှေဘိုက ဇီးဖြူကုန်းစခန်းကိုတော့ မဟာမိတ်ညီအစ်ကိုတွေနဲ့အတူ ဒရုန်း ၄စင်းနဲ့ ဗုံးသီး၁၁လုံးကြဲတာ။ အဲ့မှာ အဖွဲ့လိုက် လုံခြုံရေးယူနေတဲ့အထဲကို ကွက်တိကျတယ်။ အဲ့ထဲက ၃ယောက်က ချက်ချင်းတန်း‌လဲပြီး သေသွားတာ။ ကျန်တဲ့ကောင်တွေက ဒဏ်ရာတွေနဲ့ ထွက်ပြေးတာ တွေ့ရတယ်။ ခဏနေတော့ လက်နက်ကြီးတွေနဲ့ ပြန်ထုတော့တာပဲ” ဟု ပြောသည်။

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာ စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းစခန်းကို ရွှေဘိုဒေသအခြေစိုက် ကာကွယ်ရေးအဖွဲ့များဖြစ်ကြသော BLACK WOLF -Army၊ Who am I -Army၊ Forest Fighter -Army၊ Snake Eye – People Defense Force၊ ပြည်သူ့အစေခံအဖွဲ့ တို့နှင့်အတူ တန့်ဆည် PDF (Taze People’s Defense Force) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article