25 C
Yangon

ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရ

Must read

ရွှေပြည်အေးမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးပြီး ၄၀ ဦးခန့် ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး ၄၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဟုမ္မလင်း PDF တပ်ဖွဲ့က ထုတ်ပြန် ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ထိန်းချုပ်ထားသည့် ရွှေပြည်အေးမြို့ကို အကြမ်းဖက်စစ်ကောင် စီတပ်၊ SNA ပူးပေါင်းအင်အား ၄၀၀ ခန့်ဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့ကစတင်ပြီး ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် ရွှေပြည်အေးမြို့ အဝင်တွင် ပထမနေ့၌ပင် စစ်ဦးကျိုးသွားကာ တပ်လှန်သွားခဲ့ကြောင်း သိရသည်။

ထိုသို့ ဝိုင်းဝန်းတပ်ဖြန့်ခုခံထားသည့် အနေအထားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ၂ ကြိမ် ထိုး ဖောက် တိုက်စစ်ဆင်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ စုစည်းညီညွတ်မှုဖြင့် ဟန့်တား တိုက်ခိုက်မှုကြောင့် ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက် ည သန်းခေါင်ယံအချိန်တွင် အကြမ်းဖက်စစ် ကောင်စီတပ်သားများမှာ ရွှေပြည်အေးမြို့မှ တပ်ဆုတ်သွားကြောင်း သိရသည်။

ယင်း ၁၀ ရက်ကြာ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ခြေကုပ်ယူခဲ့သည့် နေရာ များကို နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ မြေမြှုပ်ထားသည့် စစ်ကောင်စီတပ်သား အလောင်း ၁၅ လောင်းတွေ့ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသည့် စစ်ကောင်စီတပ်သား ၄၀ ဦးခန့်ရှိသည့်ဟု သတင်းရရှိ ထားကြောင်း ခန္တီးခရိုင် အမှတ် ၂ တပ်ရင်း ဟုမ္မလင်း PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article