25 C
Yangon

ပခုက္ကူမြို့ရှိ ခမရ ၂၅၂ တပ်ရင်းနှင့် အနောက်ဘုန်းကံရွာရှိ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ တနင်္သာရီမြို့ပေါ်ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု ရဲ ၁ ဦး သေဆုံး

Must read

ပခုက္ကူမြို့ရှိ ခမရ ၂၅၂ တပ်ရင်းနှင့် အနောက်ဘုန်းကံရွာရှိ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်၊ တနင်္သာရီမြို့ပေါ်ရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု ရဲ ၁ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ ခမရ ၂၅၂ တပ်ရင်းနှင့် အနောက်ဘုန်းကံရွာရှိ စစ်ကောင်စီ တပ်သားများကို လက်နက်ကြီး အလုံး ၂၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက်ပိုင်းက ပခုက္ကူမြို့ တပ်မ ၁၀၁ လက်အောက်ခံ ခမရ ၂၅၂ ထောက်ပို့တပ်ရင်းနှင့် အနောက်ဘုန်းကံကျေးရွာ ပျူစောထီးစခန်းကို ရော့ကတ် (Rocket) အလုံး ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်ရင်းကို တိုက်ခိုက်မှုအတွင်း တပ်တွင်ဧရိယာအတွင်း ကျရောက် ပေါက် ကွဲ ခဲ့ကာ အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိကြောင်း၊ စစ်ကောင်စီတပ်သားများလည်း ကတုတ် ကျင်းအတွင်း ပြေးဝင်ပုန်းခိုမှုရှိကြောင်း သိရသည်။

“အရင်ကတော့ တပ်မ ၁၀၁ ထဲ ပစ်နေကြ၊ အခုက အဲဒီ ၁၀၁ ကိုကျော်ပြီး ၂၅၂ ထောက်ပို့တပ်ထဲကို လှမ်းပစ်တာ၊ တပ်ရင်းထဲမှာတော့ သုံးလေးဦးလောက်ဒဏ်ရာရတယ်၊ တပ်ရင်းအတွင်း အလည်ခေါင် တည့်တည့် ကျတာ၊ ဒဏ်ရာရတဲ့သူတွေကို ပခုက္ကူဆေးရုံကို ပို့လိုက်တယ်လို့ သိရတယ်၊ ၃ လေးလုံး ပစ်ပြီးတဲ့အ ချိန်မှာ တပ်ရင်းထဲက ရဲမေတွေရော၊ စစ်ခွေးတွေ ကတုတ်ကျင်းတွေထဲ ပြေးပုန်းကြ တယ်၊ အနောက် ဘုန်းကံရွာထဲပစ်ခတ်မှုကတော့ ထိခိုက်စီးမှု မသိရသေးဘူး” ဟု Young Force – UG တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ (Young Force – UG) တပ်ဖွဲ့နှင့် မြိုင် – ပခုက္ကူ မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်သား၊ ပျူ စောထီးများကို အနားယူခွင့်မပေးပဲ နေရာအနှံ့တွင် တိုက်ပွဲများဖော်ဆောင်လျက်ရှိကြောင်း အသိပေး ထားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦးသေဆုံးခဲ့ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၁ နာရီ ၁၂ မိနစ်အချိန်က တနင်္သာရီမြို့ ဗိုလ်ချုပ်ကြေး ရုပ်တွင် ဂိတ်ချထားသော အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့်ရဲများကို သွားရောက် တိုက်ခိုက် ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ၁၂ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ရဲတစ်ဦး သေဆုံးခဲ့ကြောင်း သိရ သည်။

အဆိုပါ တိုက်ခိုက်မှုကို တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – တင်္သာရီ -ပကဖ ၊ တောင်ပံနီ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း ၂ တို့ ပူးပေါင်း ကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article