25 C
Yangon

မုံရွာမြို့နယ်တွင် ကျေးရွာများကို လှည့်လည်ဖျက်ဆီးနေသော ပျူစောထီးများနှင့်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်တွင် ကျေးရွာများကို လှည့်လည် ဖျက်ဆီးနေသော ပျူစောထီးများနှင့် စစ်တပ်စစ်ကြောင်းကို တိုက် ခိုက်ရာ ဗိုလ် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ မုံရွာမြို့နယ်၊ တောပုပျူစောထီးကျေးရွာမှ ပျူစောထီးများနှင့် စစ်သားများ စုစုပေါင်း အင်အား ၁၀၀ ဦး ကျော် ခန့်ဖြင့် ဘုဘကျေးရွာနှင့် လယ်တော်ကျေးရွာများကို ဝင်ရောက်ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနောက် ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက်ပိုင်း လယ်တော်ရွာမှတစ်ဆင့် နဂါးတွင်းကျေးရွာဘက်သို့ ဦးတည်လာစဉ် လမ်းခုလတ်တွင် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲမှာ တစ်နာရီခွဲကျော်ကြာ ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ဗိုလ် ၁ ဦး အပါအဝင် စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း၊ ပျူစောထီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်ဆင်ရေးတွင် မုံရွာခရိုင်တပ်ရင်းအမှတ်၂၃၊ အမဲလိုက်သိမ်းငှက်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့၊ Tiger Brothers People Defense Force ၊ ကျားညီနောင်အဖွဲ့၊ ဒီမိုကရက်တစ်ဒေသခံတပ်ပေါင်းစု (DLC)၊ Democratic Local Coalition (DLC)၊ မုံရွာခရိုင်တပ်ရင်း ၂၅ ၊ မုံရွာခရိုင်တပ်ရင်း ၇ အပါဝင် တော် လှန်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article