25 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

-မြန်မာနိုင်ငံမှာ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ နွေဦးတော်လှန်ရေးလှိုင်းတို့ ပူးပေါင်း အားကြောင့် အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်ပစ်နိုင်တဲ့အခြေအနေ ရောက်ရှိပြီး စစ်အုပ်စုကျဆုံးတော့မယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့  KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားလိုက်ပါတယ်။

– စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာသား ပြည်သူ ၈ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ပြည်သူ ၃၀ ခန့်ကို တပ်သားသစ်စုဆောင်းရန် ခေါ်ဆောင်သွားသလို နေအိမ်တွေကိုလည်း မီးရှို့ဖျက် ဆီးနေတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။

– ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ကို စစ်ကောင်စီတပ်က ဝန်းသိုနဲ့ ကန့်ဘလူ မြို့ဘက်ကနေ အင်အား ၈၀၀ ခန့်နဲ့ စစ်ကြောင်းတွေခွဲကာ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကောလင်းခရိုင်တပ်ရင်း (၂)က ဖေဖော်ဝါရီ ၅ရက်မှာ သတင်း ထုတ်ပြန်ပါတယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article