25 C
Yangon

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိသည့် ကော်သူးလေ ကရင်ပြည်ကို တည်ထောင်ရမည်ဟု KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ကြေညာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိသည့် ကော်သူးလေ ကရင်ပြည်ကို ထူထောင်ရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တရားဝင် ကြေညာပြောဆိုလိုက်သည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ကျရောက်သည့် KNU ဖွဲ့စည်းတည်ထောင်ခြင်း ၇၇ နှစ်မြောက် နေ့တွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

KNU ကရင်အမျိုးသားအစည်းအရုံး၏ အဓိက တာဝန်မှာ ကရင့်နိုင်ငံရေး ရည်မှန်းချက်များ ရရှိပြည့်၀ အကောင်အထည်ပေါ်ရေး ဖြစ်ကြောင်း၊ ကရင်လူမျိုးတို့သည် လူမျိုးတစ်မျိုးအဖြစ် ငြိမ်းချမ်းစွာဖြင့် ဖိနှိပ်ချုပ်ခြယ် အနိုင်ကျင့်မှု ကင်းလျက် လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ခြင်း ရှိသည့် နိုင်ငံရေးအာမခံချက် အပြည့်အ၀ ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိသည့် ကော်သူလေး (ကရင်ပြည်)ကို တည်ထောင်ရမည်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောဆိုသည်။

တစ်ချိန်တည်းမှာပင် လူမျိုးတိုင်း ဒီမိုကရေစီ အခွင့်အရေး အပြည့်အ၀ရှိလျက် အမျိုးသားတန်းတူညီမျှမှု ရှိပြီး လူမျိုးတိုင်း၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရှိမှုကို အာမခံသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

လက်ရှိကာလသည် တော်လှန်ရေးကာလအတွင်းရှိနေဆဲဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး၏နိုင်ငံရေး ရည်မှန်း ချက်များ ရရှိရန် ရုန်းကန်လှုပ်ရှားဆောင်ရွက်နေရဆဲကာဖြစ်သည့် အားလျော်စွာ တော်လှန်ရေး စိတ်ဓာတ် အမြဲတမ်းရှိနေရမည်ဖြစ်ပြီး ကြုံတွေ့လာရမည်များကို ရင်ဆိုင်ကျော်လွှားသွားရန် ဖြစ်ကြောင်း ၎င်းက ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article