ရန်ကုန်၊ ဖေဖော်ဝါရီ ၆
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ဘုတလင်မြို့နယ် ပကဖ ဒုတာဝန်ခံ က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဘုတလင်မြို့နယ်၊ ကူတော်ရွာရှိ စစ်သားနှင့် ရဲများ ပူးပေါင်း အထိုင်ချထားသော စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
“စခန်းသိမ်းအထိ ရည်ရွယ်ပြီး စခန်းအတွင်းထိ ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ ကျွန်တော်တို့ဘက်က ၄ ဦး ဒဏ်ရာရပြီး ၁ ဦး ကျဆုံးလို့ ပြန်ဆုတ်ခဲ့ရပါတယ်။ စစ်ခွေးဘက်ကတော့ ၃ ကောင်သေတယ်။ ဒဏ်ရာရ စာရင်းတော့ အတိအကျ မသိရသေးပါဘူး” ဟု ဘုတလင်မြို့နယ် ပကဖ ဒုတာဝန်ခံ က ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ဘုတလင်မြို့နယ် (မြို့နယ်) ပကဖ အဖွဲ့၊ မုံရွာခရိုင် တပ်ရင်း၂၀ (bob) တပ်ရင်း၊ မုံရွာခရိုင် တပ်ရင်း ၂၄၊ ဘုတလင်နယ် အားမာန်သစ် ရပ်/ကျေးအဖွဲ့၊ ဘုတလင်နယ် ကိုမုတ်ဆိတ် ရပ်/ကျေးအဖွဲ့၊ ဘုတလင်မြို့နယ် မဟာ၊ ရမ်းဘလူး လက်နက်ကြီးအဖွဲ့နှင့် ဒေသ လက်နက်ကြီးအဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
