25 C
Yangon

TNLA သိမ်းပိုက်ထားသည့် မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့ မြိုတို့ကို TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့် NUG ဖက်ဒရယ်ရေးရာဒုဝန်ကြီးတို့ ကွင်းဆင်းစစ်ဆေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA သိမ်းပိုက်ထားသည့် မန်တုံ၊ မိုင်းလုံ၊ မိုင်းငေါ့ မြိုတို့ကို TNLA ထိပ်ပိုင်းခေါင်းဆောင်များနှင့် NUG ဖက်ဒရယ်ရေးရာဒုဝန်ကြီးတို့ ကွင်းဆင်းစစ်ဆေးကြောင်း TNLA က တရားဝင်သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၄ ရက်နေ့အထိ TNLA က သိမ်းပိုက်ထားသည့် မိုင်းငေါ့မြို၊ မိုင်းလုံမြို၊ မန်တုံမြိုများသို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဒုတိယဥက္ကဌ (၁) ဗိုလ်ချုပ်တားဂျုတ်ဂျား၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ်တားဘုန်းကျော်နှင့် NUG ဖက်ဒရယ်ရေးရာ ဒုတိယဝန်ကြီး မိုင်းဝင်းထူးတို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မိုင်းငေါ့မြို၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မိုင်းလုံမြိုနှင့် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် မန်တုံမြိုရှိ မြိုအုပ်ချုပ်ရေးကော်မတီတိုနှင့် မြိုအုပ်ချုပ်မှုပုံမှန်လည်ပတ်စေရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများ ဆောင်ရွက်ရမည့်လုပ်ငန်းများ ဆွေးနွေးလမ်းညွန်မှာကြားခဲ့ကြောင်း၊ ထို့ပြင် ဒေသခံပြည်သူလူထုများနှင့်လည်း တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

TNLA ဒုတိယဥက္ကဌ (၁) ဗိုလ်ချုပ်တားဂျုတ်ဂျားက “ယခင် PSLA လက်ထက် လက်နက်အပ်ခဲ့ရသည့်အကြောင်းရင်းအပါအဝင် သိမ်းပိုက်ထားသည့်မြိုများသည် တအာင်းလူမျိုးတစ်မျိုးတည်းသာ နေထိုင်ကြခြင်းမဟုတ်ဘဲ အခြားလူမျိုးများနှင့်အတူနေထိုင်ကြသဖြင့် နေချင်စဖွယ်ကောင်းသည့် မြိုဖြစ်ပြီး ချစ်ခင်ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်သွားရန်လိုအပ်ကြောင်း ပြောဆိုသည်ဟု သိရှိရသည်။

ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြည်သူလူထုများ၏ ကျန်းမာရေးကုသနိုင်ရေး၊ ရပ်တန့်နေသည့် လူငယ်များ၏ ပညာရေးအား ပြန်လည်သင်ကြားနိုင်ရေးနှင့် လက်ရှိနိုင်ငံရေးအကြောင်းအရာများကို ရှင်းလင်းပေးခဲ့ပြီး တက်ရောက်လာသည့် ပြည်သူလူထုများကလည်း ၎င်းတို၏လိုအပ်ချက်များကို တင်ပြကြကြောင်း သိရှိရသည်။

ထိုနောက် ဖက်ဒရယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုင်းဝင်းထူးက NUG ၏ နိုင်ငံရေးလမ်းပြမြေပုံနှင့် လက်ရှိလုပ်ဆောင်ချက်များကို ရှင်းလင်းပေးခဲ့ကာ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ – TPCC အတွင်းရေးမှူး မိုင်းနိုင်ဂေါင်းဇားမှ TPCC အကြောင်းနှင့် ဆောင်ရွက်ပြီးစီးသွားသည့် လုပ်ငန်းများကို ရှင်းလင်းပေးခဲ့ကြောင်း သိရှိရသည်။

၎င်းနောက် မြိုအုပ်ချုပ်ရေးကော်မတီများ ဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့် မြိုတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း၊ တွေ့ဆုံပွဲသို PSLF/TNLA ထိပ်ပိုင်းခေါင်းဆောင်များ၊ အရပ်ဖက်အဖွဲအစည်းများနှင့် ရှမ်း၊ ကချင်၊ လူဆူ စသည့်တိုင်းရင်းသားများ အပါအဝင် စုစုပေါင်း လူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article