30 C
Yangon

မြင်းမူမြို့နယ်ရှိ စစ်တပ် အထိုင် စခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးသီး ၃၂ လုံး ကျဲချ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ စစ်တပ် အထိုင် စခန်း ၂ ခုကို ဒရုန်းဖြင့် ဗုံးသီး ၃၂ လုံး ကျဲချ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Black Eagle Defence Force-MMU မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီ ၂၈ ရက်နေ့တွင် ဂွေးပင်တောရွာအတွင်း အထိုင်ချနေသော အကြမ်းဖက် စစ်သားများကို ဗုံးသီး ၈ လုံးကျဲချတိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်လည်း ထပ်မံ၍ ဂွေးပင်တောရွာ အခြေစိုက် အကြမ်းဖက်စစ်သားများကို ဗုံးသီး ၁၀ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဘိုးမင်းကြီးကင်း မြောင်လမ်းခွဲရှိ အကြမ်းဖက် စစ်တပ်၏ အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးသီး ၁၄ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှု ၃ ကြိမ် အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြို့နယ် ပ.က.ဖ မှ ဦးဆောင်ပြီး Black Eagle Defence Force-MMU တပ်ဖွဲ့ ၊ GTR Drone တပ်ဖွဲ့ နှင့် မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းမူမြို့နယ် ပကဖ) တို့ ပူးပေါင်း၍ ဒရုန်းစစ်ဆင်ရေး ပူးပေါင်းဖော်ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Black Eagle Defence Force-MMU မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article