25 C
Yangon

လောင်းလုံမြို့နယ်တရားရုံးမှ အကြီးတန်းစာရေး ဒေါ်စန္ဒာစိုးနှင့် ယာဉ်မောင်းတစ်ဦးကို ဖမ်းမိ၊ လူသားချင်းစာနာမှုအရ စစ်ဆေးပြီး ပြန်လွှတ်ပေး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် လောင်းလုံးမြို့နယ်တရားရုံးမှ အကြီးတန်းစာရေး ဒေါ်စန္ဒာစိုးနှင့် ယာဉ်မောင်းတစ်ဦးကို ဖမ်းမိခဲ့ပြီး လူသားချင်းစာနာမှုအရ စစ်ဆေးကာ ပြန် လွှတ်ပေးလိုက်ကြောင်း Nway Oo Guerilla Force တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၀ နာရီမိနစ် ၅၀ အချိန်က လောင်းလုံးမြို့နယ်အထွေထွေ အုပ် ချုပ်ရေးရုံးအတွင်းမှ ပရိုဘောက်ယာဉ်တစ်စီး ထွက်ခွာလာကြောင်း သတင်းအရ ဖမ်းဆီးစစ်ဆေး ခဲ့ ရာ လောင်းလုံးမြို့နယ်တရားရုံးမှ အကြီးတန်းစာရေး ဒေါ်စန္ဒာစိုးနှင့်အတူ မြို့နယ်တရားရုံးဆိုင်ရာ စာရွက်စာတမ်းများကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးစစ်ဆေးမှုကို နွေဦးပြောက်ကျားတပ်ဖွဲ့- Nway Oo Guerilla Force တပ်ဖွဲ့၀င်များနှင့် အတူ မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော ဝံပုလွေတပ်စု၊ Special Guerrilla Force ၊ DNLA အဖွဲ့၀င် များက ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးစစ်ဆေးပြီးနောက် တရားရုံးဆိုင်ရာ စာရွက်စာတမ်းများကို သိမ်းဆည်းခဲ့ပြီး အကြီး တန်းစာရေး ဒေါ်စန္ဒာစိုးနှင့် ယဉ်မောင်း ကိုခင်ဇော်ဝင်းတို့ကို လူသားချင်းစာမှုအရ မွန်းတည့် ၁၂ နာ ရီ ၁၀ မိနစ်အချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း Nway Oo Guerilla Force တပ်ဖွဲ့ က အသိပေး ထုတ် ပြန်ထား သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article