37 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

– ရခိုင်ပြည်နယ် ၊ မင်းပြားမြို့မှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၆၀ ကျော်ဟာ ဒီကနေ့ မနက်ပိုင်းမှာပဲ ရခိုင့်တပ်တော် AA တပ်ဖွဲ့ဆီမှာ အလင်းဝင် ရောက် ခဲ့တဲ့အတွက် ကား ၃ စီးနဲ့ ခေါ်ဆောင်သွားပြီလို့ မင်းပြား ဒေသခံတွေက ပြောပါတယ်။

– တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ စစ်ကိုင်းတိုင်းက ကောလင်းမြို့ကို အကြမ်း ဖက် စစ်တပ်က အင်အား ၈၀၀ လောက်နဲ့ ထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ Kawlin Revolution -KR ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်ကို ပြောပါတယ်။

– ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေမှာ ဇန်နဝါရီလ တစ်လ အတွင်း တိုက်ပွဲ ပေါင်း ၈၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်ရင်းမှုးအပါအဝင် စစ်သား  ၄၁ ဦး အသီးသီး သေကုန်ကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article