25 C
Yangon

ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ စက်ရုံအတွင်းဝင်ရောက်ပြီး မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ အမှတ် ၂၂ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ( ကပစ ၂၂) ဝင်းအတွင်းသို့ ဝင်ရောက်ပြီး မိုင်းထောင်ဖောက်ခွဲတိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားဆိုး တစ်ကိုယ်တော် ပြောက်ကျား အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဝရဇိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းအချိန် ဆိပ်ဖြူမြို့နယ်၊ ကပစ ၂၂ စက်ရုံ အတွင်းရှိ F လိုင်းခန်း အနီး မိုင်း ၃ လုံး ထောင်ထားခဲ့ရာ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၆ နာရီ ၄ မိနစ်အချိန်တွင် မိုင်း ၂ လုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်သား ၂ ဦး သေ ဆုံးခဲ့ကြောင်း၊ ထပ်မံ၍ နံနက် ၈ နာရီအချိန်တွင် ကျန်တစ်လုံး ထပ်မံပေါက်ကွဲခဲ့ရာ ၃ ဦး အပြင်း အ ထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ထောင်ခဲ့တာက ညပိုင်းကတည်းက ထောင်ထားခဲ့တာ၊ မနက် ၆ နာရီ ၄ မိနစ်မှာကွဲတဲ့ ၂ လုံးဆက် တိုက်ကွဲတာက ၂ ယောက် ပွဲချင်းပြီး သေတာ၊ မနက် ၈ နာရီ မှာကွဲတာက ၃ ယောက်အပြင်းအထန် ဒဏ်ရာရ တာ၊ တပ်တွင်းကဆေးရုံမှာကုသနေတယ်၊ ကပစထဲမှာ A ခန်းတို့ B ခန်းတို့ အဲလိုတွေရှိ တာ၊ ထောင်ထားခဲ့တုန်းကတော့ ဘာအခန်းမှန်းမသိဘူး၊ ဝင်ရလို့သာထောင်ထားခဲ့လိုက်တာ၊ ပြန် သတင်းရမှ F ခန်းဆိုတာ သိရတာ၊” ဟု ဗိုလ်ကျားဆိုး တစ်ကိုယ်တော် ပြောက်ကျားအဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ ဝရဇိန်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဓာတ်ပုံ- မကွေးတိုင်းရှိ စစ်တပ်ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို စစ်ဆေးနေသည့် အကြမ်းဖက် မင်းအောင်လှိုင်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article