25 C
Yangon

Breaking News- ပဲခူး၊ ထန်းတပင်၊ ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီစခန်း ၆ ခုထက် မနည်းကို တပြိုင်နက်တည်းဝင်တိုက်၊ ဇရပ်ကြီး ရဲစခန်း၊ ချောင်းချားစ ခန်း နှင့် ခလရ ၇၃ တပ်ကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ်နေ

Must read

ပြည်သူများ ပိတ်မိနေပြီး စစ်တပ်က လက်နက်ကြီးများ၊ လေကြောင်းဖြင့် အရပ်သားများကို ဦးတည်တိုက်ခိုက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ပဲခူး၊ ထန်းတပင်၊ ဇရပ်ကြီးမြို့တွင် ယနေ့ နံနက်အစောပိုင်းမှ စတင်၍ တိုက်ပွဲများ အပြင်းအထန်ဖြစ်နေပြီး စစ်တပ်က လေယာဉ်ဖြင့် ပစ်ခတ်နေကြောင်း၊ တော်လှန်ရေးတပ်များက ဇရပ်ကြီး ရဲစခန်းနှင့် ၇၃ တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုကြသည်။

ယနေ့ နံနက် ၃ နာရီဝန်းကျင်မှစတင်၍ KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီ၏ ခလရ ၇၃ တပ်ရင်း၊ ဇရပ်ရဲစခန်း၊ ချောင်းချားစခန်း၊ မြို့စိုးစခန်း၊ ရှားစေလိုစခန်း အပါအဝင် စစ်ကောင်စီတပ်များတစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လတ်တလောရရှိထားသော သတင်းများအရ စစ်ကောင်စီ၏ ဇရပ်ကြီးရဲစခန်းနှင့် အမှတ် ၇၃ ခြေလျင်တပ်ရင်းကို သိမ်းပိုက်နိုင်ပြီဟု သိရှိထားကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

“ဇရပ်ကြီး ၇၃တပ်ရင်း၊ ဇရပ်ကြီး ရဲစခန်း ၊ချောင်းချားစခန်း၊ မြို့စိုးစခန်း၊ ရှားစေးလိုစခန်းကို KNLA တပ်မဟာ ၂ ၊ ၃ ၊ ၅၊ BPLA နဲ့ PDF ပူးပေါင်းတပ်တွေ ၀ိုင်းတိုက်တာ။ သိမ်းနိုင်တာတွေလည်းသိမ်းနေပြီ။ စစ်တပ်က လေယာဉ်တွေနဲ့ ရမ်းပစ်နေတယ်။

ဇရပ်ကြီးရဲစခန်း ချောင်းခြားစခန်းသိမ်းနိုင်ပြီလေယာဥ်အကြီးအကျယ်လာပစ်နေတယ်” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုသည်။

လတ်တလော ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် ပြည်သူအများအပြား ပိတ်မိနေကြောင်း၊ ပြည်သူများ ပြေးစရာမရှိဘဲ ပတ်ပတ်လည်တွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“စစ်ခွေးတွေက လမ်းတွေ အားလုံးပိတ်ထားတယ်။ ပြည်သူတွေကို ထွက်ခွင့်မပေးဘူး။ လေယာဉ်နဲ့လည်း ဗုံးကျဲတယ်။ လက် နက်ကြီးတွေနဲ့လည်း ထုနေတယ်။ ဇရပ်ကြီးကင်မွန်းခြုံဘက်လူတွေပိတ်မိနေပါတယ်။ အခုလေယာဉ်နဲ့ ဗုံးကျဲတာ ဇရပ်ကြီးစာသင် ကျောင်းပြိုကျသွားပြီ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာလည်းများနေတယ်။ လက်နက်ကြီးထိတာနဲ့ လေယာဉ်ဗုံးထိတာ။

ဇရပ်ကြီးမြို့ထဲမှာလည်း ပြည်သူတွေပိတ်မိနေပါတယ်။ ရဟတ်ယာဉ်တွေရော တိုက်လေယာဉ်တွေရော လာတိုက်နေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article