25 C
Yangon

စလင်းမြို့နယ်တွင် လက်နက်ကိုင် ပျူစောထီး ၂ ဦးကို ဝင်ရောက် ဖမ်းဆီးစဥ် ပြန်လည် ခုခံသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးလုံးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် လက်နက်ကိုင် ပျူစောထီး ၂ ဦး ဝင်ရောက် ဖမ်းဆီးစဥ် ပြန်လည် ခုခံသောကြောင့် ပစ်ခတ်ဖမ်းဆီးရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ည ၉ နာရီခန့်တွင် စလင်းမြို့နယ်၊ မန်ကျီးကုန်းရွာမှ ပျူစောထီး တင်မွှေး နှင့် ဖိုးကြီးကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် ဖမ်းဆီးစဥ် တစ်တောင့်ထိုး 5.56 ၁ လက်နှင့် 9 မမ အတို လက်လုပ် တို့ဖြင့် ပြန်လည် ခုခံ ပစ်ခတ်သောကြောင့် ပစ်ခတ် ဖမ်းဆီးရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ၂ ဦးသည် ပျူစောထီး သင်တန်းဆင်းပြီးနောက် ကျေးရွာအတွင်းရှိ ပြည်သူများကို ဖမ်းဆီး နှိပ်စက်ခြင်း၊ NLD ပါတီ မှ ကိုနိုင်လင်း အသတ်ခံရမှုတွင် အဓိက သတင်းပေးသူများ ဖြစ်ကြောင်း သိရသည်။

” ၆ ရက်နေ့ ည ၉ နာရီ ဝန်းကျင်လောက်က ဝင်ရောက် ဖမ်းဆီးတာပါ။ လက်လုပ် သေနတ်တွေနဲ့ ပြန်လည် ပစ်ခတ်ပြီး ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးတာ ၂ ကောင်လုံးသေတယ်” ဟု စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စလင်းမြို့နယ်အတွင်းရှိ ပျူစောထီး များအနေဖြင့် ပြည်သူများကို နှိပ်စက်သတ်ဖြတ် နေခြင်းများ ဆက်လက်လုပ်ဆောင်ပါက တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article