25 C
Yangon

ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မွန်းလွဲ ပိုင်းမှ စတင်ကာ အကြမ်းဖက် စစ်တပ်က ရေတာရှည်မြို့နယ်၊ သဖန်းဇင်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးပြီး ကျေးရွာနေ ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးထား​ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကျေးရွာ အနီးအနား မြစ်အရှေ့ဘက်ကမ်းရှိ ရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

“ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက် သဖန်းဇင်ကျေးရွာကို စစ်ခွေးတွေ မီးရှို့နေတယ်။ ဒုတိယအကြိမ် ရှို့ခံရတာပါ။တိုက်ပွဲဖြစ်ပွားခြင်းမရှိပါဘူး။ အခုသဖန်းဇင် ရွာမကြီးကို စရှို့နေပါပြီ ရွာကတော့ ကုန်ပြီတဲ့ မီးတိုက်လိုက်တာ သဖန်းဇင်း ရွာသား ၂၀ လောက်ကို လက်ရှိချိန်ထိ ဖမ်းထားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

သဖန်းဇင်ကျေးရွာသည် အိမ်ခြေ ၁၂၅ လုံးရှိပြီး အကြမ်းဖက် စစ်တပ်က သဖန်းဇင်ရွာ မြောက်ပိုင်းနှင့် ရွာတောင်ပိုင်းကို ခွဲ၍ မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article