25 C
Yangon

Breaking News – ပဲခူးတိုင်း၊ ဇရပ်ကြီးမြို့၊ ချောင်းခြားနှင့်မြို့စိုးကျေးရွာမှ ပြည်သူများကို စစ်တပ်က ပစ်ခတ်သတ်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင်း အနည်းဆုံး ပြည်သူ ၄ ဦးသေဆုံး ၊ စစ်တပ်၏ ပစ်သတ်မှုကြောင့် သေဆုံးသည့် ပြည်သူအရေအတွက်တိုးလာနိုင်

Must read

(မူရင်းပုံများကို ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ်တွင် သွားရောက်ကြည့်ပါရန်)

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၊ ချောင်းခြားနှင့်မြို့စိုးကျေးရွာမှ ပြည်သူများကို စစ်တပ်က ပစ်ခတ်သတ်ခြင်းနှင့် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင်း အနည်းဆုံး ပြည်သူ ၄ ဦးသေဆုံးပြီး သေဆုံးသည့် ပြည်သူအရေအတွက်တိုးလာနိုင်ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၃ နာရီမှစတင်၍ တော်လှန်ရေးတပ်ဖွဲ့များက ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ခလရ ၇၃ တပ်ရင်းအပါဝင် စစ်ကောင်စီတပ်စခန်း ၃ ခုထက်မနည်းကို သိမ်းပိုက်ရရှိထားကြောင်း၊ စစ်ကောင်စီတပ်က ပြည်သူများကို တောက်လျှောက်ဆိုသလို ပစ်ခတ် သတ်ဖြတ်နေကြောင်း တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

” အခု ချောင်းခြားရွာမှာစစ်ခွေးတွေမီးရှို့ပြီးထွက်ပြေးတယ်။ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်တယ်။ ချောင်းခြားရွာနဲ့နှစ်တန်ကူးရွာကပြည်သူတွေလက်နက်ကြီးထိမှန်လို့ အမျိုးသမီး ၃ ဦး သေဆုံးပါတယ်။ ကျေးရွာတွေကို လေယဥ်နဲ့လည်း ဗုံးကျဲ ပစ်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အလားတူ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ မြို့စိုးကျေးရွာမှ စစ်တပ်ထောက်ခံသူ ဦးဌေးလွင်ကို စစ်ကောင်စီတပ်များက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရှိရသည်။

“မြို့စိုးကျေးရွာမှာ စစ်ဘေးရှောင်တွေကိုစစ်တပ်က ပစ်သတ်တယ်။ သေဆုံးသူက ဦးဌေးလွင် ။ စစ်တပ်ထောက်ခံသူပါပဲ” ဟု မြို့စိုးကျေးရွာမှ ပြည်သူတစ်ဦးက ရှင်းပြသည်။

လက်ရှိသတင်းရေးသားဖော်ပြသည့်အချိန်အထိ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article