31 C
Yangon

အင်းစိန်အကျဉ်းထောင်နှင့်မီးသတ်အနီးရှိ စျေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကားတစ်စီး ပျက်စီး

Must read

အင်းစိန်အကျဉ်းထောင်နှင့်မီးသတ်အနီးရှိ စျေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ကားတစ်စီး ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်အကျဉ်းထောင်နှင့် မီးသတ်အနီးရှိ စျေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့ မွန်းလွဲပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ပြောဆိုကြသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် အင်းစိန်မြို့နယ်၊ အင်း စိန်ထောင်နှင့် အင်းစိန်မီးသတ်အနီးတွင် ရှိနေသည့် စျေးကုန်းအနောက်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ပရိုဘောက် Taxi တစ်စီး ပျက်စီးသွားကြောင်း ၊ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

“ဗုံးပေါက်တယ်။ စျေးကုန်း အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ‌ ပေါက် ကွဲမှုဖြစ်တာ။ ကားတစ်စီးပျက်စီးတယ်။ လူထိခိုက်မှု မရှိပါဘူး။ အခုတော့ ရဲကားတွေ ရောက်နေပြီးတော့ စစ်နေကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article