25 C
Yangon

ရှားတောတွင် ကိုယ်ဝန်ဆောင်မိခင် ၊ ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၆ ဦးကို သတ်ဖြတ်သွားသည့် စစ်တပ် စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ

Must read

ရှားတောတွင် ကိုယ်ဝန်ဆောင်မိခင် ၊ ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၆ ဦးကို သတ်ဖြတ်သွားသည့် စစ်တပ် စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ကရင်နီပြည်နယ်၊ ရှားတောမြို့နယ်ရှိ စစ်တပ်ဗျူဟာကုန်းကို စစ်ကူလာရင်း ကိုယ်ဝန်ဆောင်မိခင် ၊ ကလေးငယ် ၃ ဦး အပါအဝင် ပြည်သူ ၆ ဦးကို သတ်ဖြတ်သွားသည့် စစ်တပ် စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်ရာ စစ်သား ၄၀ ကျော်သေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိကြောင်း ကရင်နီတပ်မတော် KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ မိုင်းပြင်းမြို့နယ်အခြေစိုက် ခလရ ၂၄၉ တပ်ရင်းက ရဟတ်ယာဉ် ၃ စီး ဖြင့် စစ်ကူအင်အား ၆၄ ဦးပို့ဆောင်ခဲ့ရာ KA တပ်ဖွဲ့ဝင်များက စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါစစ်ကူ စစ်ကောင်စီတပ်သားများသည် အဖွဲ့ ၂ဖွဲ့ ၃ ဖွဲ့ကွဲ၍ ထွက်ပြေးသွားကြကြောင်း၊ ထိုသို့ အဖွဲ့ကွဲသွားသည့် အကြမ်းဖက်စစ် ကောင်စီတပ်သားများက တောတွင်းတွင် စစ်ဘေးရှောင်နေသူ အသက် ၁၀ နှစ်အောက် ကလေးငယ် ၃ ဦး၊ ကိုယ်ဝန်ဆောင်အမျိုသမီးအပါအဝင် အမျိုးသမီး ၃ ဦးစုစုပေါင်း ၆ ဦးကို ဓားစာခံဖမ်းဆီး ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင် အမျိုးသမီးအပါအဝင် ၆ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄၀ ကျော်သေဆုံးပြီး ၄ ဦးအရှင်ဖမ်းမိထားကြောင်း၊ ကျန်ရှိနေသော စစ်ကောင်စီတပ်သားများကို လိုက်လံ ချေမှုန်းလျက်ရှိကြောင်း သိရသည်။

“လက်ရှိတော့ လိုက်ပြီးတော့မှ ရှင်းနေတုန်းပဲ၊ ၄၀ ကျော်တော့သေပြီလေ၊သူတို့လာတာ ၆၄ ယောက် ထင်တယ်၊ ၄၀ ကျော်တော့ သေပြီ၊ ၁၅ ယောက် ၁၂ ယောက်ပဲ ကျန်မယ်ထင်တယ်၊ အဲဒီ ကျန်တဲ့သူ တွေကို လိုက်ရှင်းနေတုန်းပဲ၊ မနေ့က သုံးလေးယောက်မိသေးတယ်၊ အဲဒီကျန်တဲ့သူ တွေကို လိုက်ပြီး ပြတ်အောင်ရှင်းမယ်” ဟု KA စစ်ရေးချုပ်ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောဆိုသည်။

ရှားတောမြို့နယ်ရှိ အကြမ်းဖက်စစ်ကောာင်စီ၏ ဗျူဟာကုန်းကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး စစ်ကောင်စီ တပ်သားများမှာ အပြင်သို့ ထွက်ခွာနိုင်ခြင်းမရှိကြောင်း၊ ရေပြတ်၊ လက်နက်ခဲယမ်းများ ပြတ်တောက် နေပြီဖြစ်ကြောင်း သိရသည်။

“စစ်တပ်ဗျူဟာကုန်းကတော့ အုတ်တံတိုင်းကာထားတာမို့ မရသေးဘူး၊ ဒါပေမယ့် ရေငတ်နေပြီ ကျည်ဆန် သူတို့ ဆီမှာ မရှိတော့ဘူး၊ ကျနော်တို့ဘက်ကလည်း ဝိုင်းထားတုန်းပဲ” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်း နိုင်က ရှင်းပြသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article