25 C
Yangon

ရွေပြည်သာကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းကို တိုက်ခိုက်မှု ပျူစောထီး ၄ ဦးသေဆုံး

Must read

ရွေပြည်သာကျေးရွာရှိ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်စခန်းကို တိုက်ခိုက်မှု ပျူစောထီး ၄ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီလ ၈

မွန်ပြည်နယ်၊ ရေးမြိုနယ် ရွှေပြည်သာကျေးရွာရှိ ပျူစောထီးများနှင့် ပြည်သူ့စစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်အချိန် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် စခန်းကို ဝင်ရောက်တိုက်ခဲ့ခြင်း ဖြစ်ပြီး စခန်းတွင် ပျူစောထီး ၁၂ ဦး ရှိသည့်အနက် ပျူစောထီး ၄ ဦးသေဆုံးကာ ၈ ဦးမှာ ထွက်ပြေးသွားကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“မနေ့တုန်းက အကောင်းဆုံး ဝင်လုံးတယ်။ ဝင်တာနဲ့ ဝင်ပစ်တယ်။ မကျတဲ့လူက ထွက်ပြေးတယ်။ ထွက်ပြေးတဲ့လူက လက်နက်ပါတဲ့ လူတွေက ပါသွားတယ်။ စခန်းကိုတော့ ကျွန်တော်တို့ ရတယ်”ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ရွှေပြည်သာကျေးရွာရှိ ပျူစောထီးများကို အကြမ်းဖက်စစ်တပ်က လက်နက်အနည်းငယ်ချပေးထားခြင်းဖြစ်ပြီး အဆိုပါလက်နက်အားကိုးဖြင့် အနီးအနားကျေးရွာများသို့ ဆိုင်ကယ်များ ဝင်ခိုးခြင်း၊ ရိုက်နှက်လုယက်ခြင်း၊ ရော်ဘာခြံများ သိမ်းယူခြင်းတို့ လုပ်ဆောင်နေကြောင်း၊ ရေးဘီလူးအဖွဲ့က ထိုသို့ မလုပ်ဆောင်ရန် သတိပေးခဲ့သော်လည်း လိုက်နာခြင်း ပိုမိုဆိုးရွားလာခဲ့၍ တိုက်ခိုက်သိမ်းပိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article