25 C
Yangon

ရေးဦး၊ အရာတော်နှင့်ပခုက္ကူရှိ စစ်ကောင်စီတပ်ရင်းများ၊ ဂိတ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရေးဦး၊ အရာတော်နှင့်ပခုက္ကူရှိ စစ်ကောင်စီတပ်ရင်းများ၊ ဂိတ်များကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

စစ်ကိုင်းတိုင်း၊ ရေးဦးမြို့ အထွက်ရှိ အကြမ်းဖက် စစ်တပ်ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းထံမှ သိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ရေဦးမြို့ အထွက်ရှိ အကြမ်းဖက် စစ်တပ်၏ ဂါဝီစစ်ဆေးရေးဂိတ်ကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်းက Fixed Wings Drones များဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၅၀၀၄ သံချပ်ကာတပ်ရင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force အဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၁ဝ နာရီခန့်အချိန် အရာတော်မြို့ရှိ အမှတ် ၅၀၀၄ သံချပ်ကာ တပ်ရင်းအတွင်းရှိ ရေစင်ကင်းတဲနှင့် လူပျိုဆောင် အပေါ်ကို လက်လုပ် ၁၂ဝ မမ ဗုံးသီး ၂ လုံးဖြင့် ဒရုန်ဖြင့် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုကို အခြေအနေကို အတည်မပြုနိုင်သေးဘဲ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထ်ိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force က ဦးဆောင်၍ Ayadaw Rocket LPDF၊ အရာတော်မြို့နယ်၊ တိုက်နယ် အမှတ်‌ ၄ ရဲဘော်များ၊ မ.ရ တပ်ရင်း ၁၉ ရဲဘော်များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာ အနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၆ ရက်ဆက် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက် ဒဏ်ရာရရှိမှု များပြားကြောင်း မြိုင် ပကဖ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၇ ရက်နေ့ထိ ပခုက္ကူမြို့နယ် ကန်တော်ရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား အများ အပြားထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ပြည်သူပိုင် ကားများကို အကာအကွယ်ယူ၍ ပခုက္ကူမြို့သို့ ပိုဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Black Cobra၊ Pakokku Thurian၊ Kamma Under Ground၊ MRTF People Defense Force၊ Kamma.DMG (ဓားမင်းကြီးအဖွဲ)၊ Pakokku People Defense Force၊ N.yso.Mying UAV Freighter၊ The Red Revolt-er နှင့် ဒို့ညီနောင် ပြောက်ကျားတပ်ဖွဲ -မြိုင် တို့က ပူးပေါင်းလုပ် ဆောင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article