30 C
Yangon

သံတောင်ကြီးမြို့နယ်၊ ကျောက်လုံးကြီးရွာရှိ စစ်ကောင်စီစခန်းနှင့် စစ်ဆေးရေးဂိတ်ကို ဗုံးကျဲ တိုက် ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကျောက်လုံးကြီးရွာရှိ အကြမ်းဖက်စစ်ကောင်စီစခန်းနှင့် စစ်ဆေးရေးဂိတ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း People Defence Force Thandaung တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက် နံနက် ၁၀ နာရီ မိနစ် ၃၀ အချိန်က သံတောင်ကြီးမြို့နယ်၊ တောင်ငူ- လိပ်သိုလ် လမ်းပိုင်း၊ ကျောက်လုံးကြီးရွာရှိ စစ်ကောင်စီစခန်းနှင့် စခန်းရှေ့ရှိ စစ်ဆေးရေးဂိတ်ကို ဗုံး သီး ၂ လုံးဖြင့် သွားရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို People Defence Force Thandaung အဖွဲ့၏ MLB Fighters Drone အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၏ ပြန်လည် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည် သူ တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article