28 C
Yangon

ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ကျေးရွာများကို လက်နက်ကြီးများ ဖြင့် ပစ်ခတ်ဖျက်ဆီး၊ ပြည်သူများထွက်ပြေးနေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးမှုကြောင့်ကျေးရွာ နေပြည်သူများထွက်ပြေးနေရကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က သထုံႏပေႏ(ဆီဆိုင်)မြို့နယ် ဘန်းယဉ်မြို့ရှိ စစ်ကောင်စီတပ် ရင်းများနှင့် ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ ဘန်းယဉ်မြို့အရှေ့ဘက်ရှိ ပအိုဝ်းကျေးရွာများအား လက်နက်ကြီးဖြင့် ၁၆ ကြိမ် တမင်သက်သက် ပစ် ခတ်ခဲ့ရာ ဒေသနေပအိုဝ်းပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

အလားတူ ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ ဇောတိကာရာမ ဘုန်းကြီးကျောင်းအတွင်း၌ တပ်စွဲထား‌ သော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့တပ်ဖွဲ့တို့မှ ဆိုက်ခေါင်ကျေးရွာအရှ့ဘက်ရှိ လွယ် ပွတ်ကျေးရွာကို လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ထိုအပြင် ပအိုဝ်းများနေထိုင်ရာဒေသဖြစ်သည့် ပဲခူးတိုင်း၊ ဇရပ်ကြီးဒေသကိုလည်း အကြမ်းဖက် စစ် ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ၊ လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းတို့ ကြောင့် ပြည်သူလူထုများ ထိခိုက်သေဆုံးမှုရှိခဲ့ပြီး ဘုရားကျောင်းကန်များ မိဘပြည်သူများ၏ အိုးအိမ် စည်းစိမ်များလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီနှင့်အပေါင်းအပါများသည် ဘာသာရေးကိုင်းရှိင်းပြီး အလွန်ရိုးသား အေးချမ်း စွာ နေထိုင်ကြသည့် ပအိုဝ်းပြည်သူများကိုပင်လျှင် ရန်သူအဖြစ် သတ်မှတ်တိုက်ခိုက်ဖျက်စီးနေသည် ကို တွေ့မြင်ရကြောင်း PNLA က အသိပေးထားသည်။

စစ်အာဏာရှင်စနစ်ကြောင့် ဖြစ်ပေါ်လာသည့် ယခုကဲ့သို မတည်ငြိမ်မှုများ၊ မငြိမ်းချမ်းမှုများ၊ ဆင်းရဲ ဒုက္ခများသည် စစ်အာဏာရှင်စနစ် အမြစ်မပြတ်မချင်း ကြုံတွေ့နေရမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှသာ ယင်းဆင်းရဲ ဒုက္ခများမှ လွတ်မြောက်နိုင်မည်ဖြစ်သဖြင့်စစ်အာဏာရှင်စနစ် အမြစ် ပြတ်ရေး ကဏ္ဍအသီးသီးတွင် အားလုံးပူးပေါင်းပါဝင်တာဝန်ထမ်းဆောင်ကြရန် PNLA က အလေး အနက် တိုက်တွန်းထားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)အနေဖြင့် ပအိုဝ်းဒေသအတွင်းရှိ လူမျိုးပေါင်းစုံ ပြည်သူများ ထာဝရ ငြိမ်းချမ်းသာယာစွာ နေထိုင်ရပ်တည်နိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာလှုပ်ရှားမှု များကို ဆက်လက်ဆောင်ရွက်နေလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article