25 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကိုးတန်ကောက်နယ်ခြားစောင့်စခန်းကို AA က အပြီးသတ် သိမ်းပိုက်လိုက်ပြီး မြောက်ဦးမြို့နယ်မှာလည်း စစ်တပ်ကင်းစင်နယ်မြေဖြစ်လာကာ AA က အပြည့်အ၀ ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း AA သတင်းရင်းမြစ်ရဲ့ပြောဆိုချက်နဲ့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
  • ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံလေဆိပ်အနီး လေယာဉ်သင်တန်းကျောင်း ဂိတ်ပေါက်၀က လုံခြုံရေးကင်းစောင့်စစ်သားတွေကို ဖောက်ခွဲတိုက်ခိုက်ရာ ထိခိုက်မှုရှိနိုင်တယ်လို့ ရန်ကုန်မြို့ပြ ပြောက်ကျား Operation Flame က ပြောပါတယ်။
  • ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဝင်းကောင်ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တွေ သေဆုံးမှုများပြားတယ်လို့ သိရပါတယ်။
  • ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့က စစ်ဘေးရှောင်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ သယ်ထုတ်ခွင့်မပေးဘဲ ထန်းတပင်တံတားနဲ့ ဒိုးသောင်တံတားမှာ စစ်တပ်က တားမြစ်ပြီး နေရပ်ပြန်ခိုင်း နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article