26 C
Yangon

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တာဝန်ကျခဲ့သည့် ရဲမှူးကြီး ၄ ဦးနှင့် ထွေ/အုပ်ညွှန်ကြားရေးမှူး ၆ ဦးကို ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ် သည်ဟုဆိုကာ တာဝန်မှရပ်ဆိုင်း၊ တရုတ်ဘက်က နာမည်စာရင်းပေးဟုဆို

Must read

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တာဝန်ကျခဲ့သည့် ရဲမှူးကြီး ၄ ဦးနှင့် ထွေ/အုပ်ညွှန်ကြားရေးမှူး ၆ ဦးကို ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ် သည်ဟုဆိုကာ တာဝန်မှရပ်ဆိုင်း၊ တရုတ်ဘက်က နာမည်စာရင်းပေးဟုဆို

■ ရဲမှူးကြီး အောင်မြင့်နိုင်၊ ရဲမှူးကြီး ညီညီထွန်း၊ ရဲမှူးကြီး ဗညားဦး၊ ဒုရဲမှူးကြီးခန့်ကိုအောင်နှင့် ထွေအုပ်ညွှန်မှူး ၆ ဦး တာဝန်မှ ရပ်ဆိုင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တာဝန်ကျခဲ့သည့် ရဲမှူးကြီး ၄ ဦးနှင့် ထွေအုပ်အရာရှိ ၆ ဦးကို ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်များနှင့် ဆက်စပ်သည်ဟုဆိုကာ တာဝန်မှရပ်ဆိုင်းလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ကျားဖြန့် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများ စတင်ဖြစ်ပေါ် အခြေပြုချိန် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် တာဝန်ကျခဲ့ကြသည့် ရဲတပ်ဖွဲ့ အရာရှိများ၊ ထွေ/အုပ် အရာရှိများကို တာဝန်မှ ချက်ချင်း ရပ်ဆိုင်းရန် စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးကို တိုက်ရိုက် အမိန့် ပေးကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နရခ)မှ ရဲမှူးကြီး ညီညီထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် (နရခ)မှ ရဲမှူးကြီး ဗညာဦး၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာနမှ ဒုရဲမှူးကြီးခန့်ကိုအောင် တို့ကို တာဝန်မှ ချက်ချင်း အနားပေးလိုက်ကြောင်း သိရှိရသည်။

အထွေထွေအုပ်ချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ကျော်သူဇော်၊ ကောင်းမြတ်နိုင်၊ မျိုးကျော်ကျော်၊ ထွန်းကျော်ကျော်၊ မိုးဇော်လတ်၊ စိုးရွှေအောင်တို့ကိုလည်း ချက်ချင်း တာဝန်မှ အနားပေးလိုက်ကြောင်း သိရှိရသည်။

” အရင် ကျားဖြန့်တွေ ပေါ်တင်လုပ်ခွင့်ရတဲ့အချိန်တုန်းက ရှမ်းမြောက်မှာ တာဝန်ကျခဲ့ကြတဲ့ ရဲတွေနဲ့ ထွေအုပ် ညွှန်မှူးတွေကို ရာထူးတာဝန်တွေကနေ ချက်ချင်း အနားပေးခိုင်းတယ်။ စစ်ကောင်စီ(နစက)တိုက်ရိုက်အမိန့်နဲ့ ပြည်ထဲရေးဝန်ကြီး ရာပြည့်ကို ဖြုတ်ခိုင်းတယ်။ တရုတ်ဘက်က ပေးတဲ့ နာမည်စာရင်းစာအတိုင်းဖြုတ်ရတာ။ အမိန့်စာတွေကို တိုင်းအုပ်ချုပ်ရေးမှူးတွေနဲ့ ပြည်နယ်/တိုင်းဝန်ကြီးချုပ်တွေဆီ တိုက်ရိုက် Fax ထိုးပို့တာ” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ဓာတ်ပုံ- ရာထူးမှ ချက်ချင်းရပ်ဆိုင်းခံရသည့် စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြင့်နိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article