ဒီကနေ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့ ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာပြည်သူလူထု တစ်ရပ်လုံးလိုလားတဲ့ စစ်အာဏာရှင် အမြစ်ဖြတ်ရေး ယခုနှစ်အတွင်း ပြီးမြောက်နိုင်မယ်လို့ မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က မနေ့ညပိုင်းက ထုတ်ပြန်လိုက် ပါတယ်။
- အကြမ်းဖက် စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တာဝန်ကျခဲ့တဲ့ သူ့ရဲ့ လက်အောက်ခံ ရဲမှူးကြီး ၄ ဦး နဲ့ ထွေအုပ် အရာရှိ ၆ ဦးကို ကျားဖြန့်အွန်လိုင်းငွေ လိမ်ဂိုဏ်း တွေနဲ့ ဆက်စပ်တယ် ဆိုပြီး တရုတ်ကပေးတဲ့ စာရင်းအတိုင်း တာဝန်ကနေ ချက်ချင်း ရပ်ဆိုင်းလိုက်ရတယ်လို့ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာန သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။
- ပဲခူးတိုင်း နဲ့ မန္တလေးတိုင်းမှာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီး အဖွဲ့ ဖွဲ့ဖို့ စစ်ကောင်စီက အတင်းအဓမ္မ လုပ်ဆောင်နေပြီး အဲ့ဒီ့လို ပျူစောထီးထဲ မဝင်ချင် တဲ့သူတွေ ဆီကနေလည်း ငွေကြေးတွေကို အတင်းအကျပ် ခြိမ်းခြောက်တောင်းခံနေတဲ့ သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
