30 C
Yangon

ပလက်ဝမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့မှု ကလေးငယ် ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရ

Must read

ပလက်ဝမြို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခဲ့မှု ကလေးငယ် ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ချင်းပြည်နယ်၊ ပလက်ဝမြို့ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ် ၁ ဦး သေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရခိုင်တပ်တော် AA က ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ပလက်ဝမြို့ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး လေယာဉ်ပေါ်မှ စက်သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ် ၁ ဦးသေဆုံးကာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ပလက်ဝမြို့သည် အကြမ်းဖက် စစ်တပ် ကင်းစင် နယ်မြေ ဖြစ်ပြီး ရခိုင်တပ်တော် AA က အပြည့်အဝ ထိန်းချုပ်ထားသောနယ်မြေဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article