32 C
Yangon

ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာအနီးတွင် စစ်ကောင်စီစစ်သင်္ဘော ၃ စီးကို AA က နစ်မြှုပ်လိုက်ကြောင်း ဓာတ်ပုံ သက်သေများနှင့်တကွ ထုတ်ပြန်

Must read

ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာအနီးတွင် စစ်ကောင်စီစစ်သင်္ဘော ၃ စီးကို AA က နစ်မြှုပ်လိုက်ကြောင်း ဓာတ်ပုံ သက်သေများနှင့်တကွ ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အပေါက်၀ကျေးရွာအနီးတွင် စစ်ကောင်စီစစ်သင်္ဘော ၃ စီးကို AA က နစ်မြှုပ်လိုက်ကြောင်း ဓာတ်ပုံ သက်သေများနှင့်တကွ ထုတ်ပြန်လိုက်သည်။

ဖေဖော်ဝါရီလ ပထမရက်သတ္တပတ်အတွင်းဖြစ်ပွားခဲ့သော ရေကြောင်းတိုက်ပွဲတွင် ရန်သူ၏ စစ်သင်္ဘောများအား မိမိတို့ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ဗျူဟာမြောက်စွာ တိုက်ခိုက်ထားနိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီလ (၇/၈) ရက်များအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၂) စီး၊ ဇက်သင်္ဘော (၁) စီးတို့အား ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါ သင်္ဘော ၃ စီးစလုံးအား ရေထဲနစ်မြုပ်အောင် ပြုလုပ်နိုင်ခဲ့ကြောင်း၊ ထို့ပြင် စစ်သင်္ဘော ၃ စီးကို ကယ်တင်ရန်ထပ်မံ၍ လာခဲ့သော အခြားသော စစ်သင်္ဘော ၄ စီးကိုလည်း အနားကပ်၍ မရနိုင်အောင် လမ်းခုလတ်၌ပင် တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။

AA က ရေထဲနစ်မြုပ်ခဲ့သော စစ်သင်္ဘော (၃) စီးအပြင် နောက်ထပ်အထိနာခဲ့သော စစ်သင်္ဘော ၄ စီးအထိ ရှိခဲ့ကြောင်း၊ ဤရေကြောင်းတိုက်ပွဲအတွင်း ရန်သူ၏ လေကြောင်းမှ ရဟတ်ယာဉ်၊ ဒရော့ဗုံးများဖြင့် မရပ်မနား တောက်လျှောက်တိုက်ခိုက်နေခဲ့သည့်ကြားမှ စစ်တပ်၏ စစ်သင်္ဘောများကို မိမိတို့မှ အပြတ်အသတ်တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ဖေဖော်ဝါရီလ ၈ ရက်နေ့သည် အာရက္ခ ရေပြင်ထက်တွင် ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သော နေ့တစ်နေ့ဖြစ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့မှစ၍ ရက္ခိုင်နှင့် ပလက်ဝဒေသ မိမိတို့၏ ထိုးစစ်များအောက်တွင် လက်နက်ချအညံ့ခံသော ရန်သူများနှင့် ရန်သူ့မိသားစုဝင်များကို ကောင်းစွာလက်ခံပြီး ကောင်းစွာ ကျွေးမွေးထားသည်ကို မိမိတို့လက်ထဲတွင်ရှိသော စစ်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံး အသိပင်ဖြစ်ကြောင်း၊ စစ်သုံ့ပန်းများအပေါ်သဘောထားမှာ ယခင်လည်းဤသို့ ယခုလည်းဤသို့ပင်ဖြစ်ကြောင်း AA က ဆိုသည်။

ဖေဖော်ဝါရီလ (၇/၈) ရေကြောင်းတိုက်ပွဲတွင် ဗျူဟာမြောက်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ စစ်သင်္ဘော ၃ စီးစလုံးသည် ချက်ကောင်းကိုထိ၍ အထိနာခဲ့ကြောင်း၊ သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေသော အချိန်တွင် လက်နက်ချ အညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာများဖြင့် (၃) ကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့် အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားသည့် လုပ်ရပ်ကိုသာ ပြုလုပ်နေခဲ့ကြောင်း သိရှိရသည်။

စစ်သင်္ဘောသင်္ဘဘေ စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် (မိနစ် ၃၀) ထပ်ပေးသည့်အချိန်တွင်လည်း စစ်တပ်က ဒရော့ဗုံးများဖြင့် စုပြုံပစ် လာရောက်တိုက်ခိုက်နေခဲ့သောကြောင့် AA တပ်ဖွဲ့ဝင် (၁၀) ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့ကြောင်း၊ အကယ်၍ မိမိတို့မှ လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ်ပါလာသောသူများမှာ အသက်ချမ်းသာခွင့် ရရှိကြမည်ဖြစ်ကြောင်း။ အမှန်တကယ်လည်း အဆိုပါဖြစ်စဉ်၌ အသက်မသေဘဲ ရေကူးလွတ်မြောက်လာသောသူများစွာတို့ကို AA က ကယ်တင်ထားနိုင်ခဲ့ကြောင်း၊ ဤကဲ့သို့ ကယ်တင်ရာတွင် အာရက္ခစစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

စစ်ကောင်စီ၏‌ ရေတပ်စစ်သင်္ဘော (Navy) ၊ ဇက်သင်္ဘောများသည် ၎င်းတို့ချီတက်ရာလမ်းကြောင်း တစ်လျှောက်ရှိ မြစ်၊ ချောင်း နံဘေးရှိ မိမိတို့၏ ကျေးရွာများအား စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တမင်တကာရည်ရွယ်ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများကို နှစ်ရှည်လများပြုလုပ်လာခဲ့သည့် မှတ်တမ်းများ ရှိခဲ့ကြောင်း၊ ယခုလည်း ယခင်နည်းတူ ရပ်ရွာများအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း၊ ထို့ကြောင့် အရပ်သားပြည်သူလူထုများ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှာ နေ့တိုင်းရှိခဲ့သည်။ AA ကလည်း ပြည်သူလူထုအား နေ့စဉ် သတ်ဖြတ်နေသော စစ်ကောင်စီ၏ရေတပ်အား လက်တုံ့ပြန်ခဲ့ခြင်းလည်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article