25 C
Yangon

ငါန်းဇွန်မြို့နယ်၊ ခေါင်ဘို ကျေးရွာနှင့် ရေဦးမြို့၊ ဂါဝီပန်းခြံအနီးရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦး သေဆုံး

Must read

ငါန်းဇွန်မြို့နယ်၊ ခေါင်ဘို ကျေးရွာနှင့် ရေဦးမြို့၊ ဂါဝီပန်းခြံအနီးရှိ စစ်ကောင်စီ တပ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ၂ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ခေါင်ဘိုကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီးတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ငါန်းဇွန်မြို့နယ်ပကဖ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်က ခန့်မှန်အင်အား ၆၀ခ ခန့်ဖြင့် ငါန်းဇွန်မြို့နယ်၊ ခေါင်ဘို ကျေးရွာ၌ တပ်စွဲထားသော အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို Fixed Wings ဒရုန်းလေယာဉ် များဖြင့် ဗုံးသီး ၁၄ လုံးကျဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး နေရာမှာပင်ပွဲချင်းပြီး သေဆုံး ခဲ့ ကြောင်း သိရသည်။

“ခန့်မှန်းအင်အား ၆၀ လောက်တော့ရှိတယ်၊ ကျနော်တို့ ဗုံးကျဲပြီးတဲ့ နောက်ပိုင်းမှာ စစ်ကြောင်းတွေ ထိုးနေတာရှိတယ်၊ စစ်ရေးကတော့ တင်းမာနေတာပါ့၊ ကျနော်တို့ အောင်ပန်းဝေဝေ ငါန်းဇွန်မြေ ကမ်ပိန်းကလည်း ၂၀ ရာခိုင်နှုန်းကျော်ကျော်လောက်ပဲ ရသေးတာမို့ မိဘပြည်သူတွေ အနေနဲ့ကူညီ ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ငါန်းဇွန်မြို့နယ်ပကဖမှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြာားသည်။

အဆိုပါ တိုက်ခိုက်မူကို ငါန်းဇွန်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ငါန်းဇွန်- ပကဖ ၊ ငါန်းဇွန် ပကဖ အဖွဲ့ဝင်များဖြစ်သော၊ ရွှေဂျိုးဖြူပျောက်ကျားအဖွဲ့ ၊ 925 ပျောက်ကျားအဖွဲ့၊ TGYR ပျောက်ကျားအဖွဲ့၊ ဒေါင်းဖိုက်တာပျောက်ကျားအဖွဲ့၊ ပြည်တော်ဝင်ပျောက်ကျားအဖွဲ့၊ လက်ရုံးပျောက်ကျားအဖွဲ့၊ ငန်း နက် ပျောက်ကျားအဖွဲ့နှင့် အားမာန်သစ်ပျောက်ကျားအဖွဲ့တို့ ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ဂါဝီပန်းခြံအနီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန် ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် အစောပိုင်းတွင် ရေဦးမြို့အနီး ထန်းတောရွာဘက်ကို ရှေ့ကင်းထိုး လာ သော အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ခန့်သည် ရေဦးမြို့ထဲကို ပြန်လည် ဝင်ရောက် လာစဉ် ဂါဝီပန်းခြံအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ရွှေဘိုခရိုင်တပ်ရင်း အမှတ် ၁၄ ရေဦးPDF က Fixed-wing Drone ၂ စီးဖြင့် ဗုံးသီး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှု အတွင်း အကြမ်း ဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article