၇၇ နှစ်ပြည့် ပြည်ထောင်စုနေ့လူထုလှုပ်ရှားမှု အဖြစ် ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ်မှောက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂
၇၇ နှစ်ပြည့် ပြည်ထောင်စုနေ့လူထုလှုပ်ရှားမှု အဖြစ် ယနေ့ ယင်းမာပင်-ဆားလင်းကြီးကျေးရွာပေါင်းစုံက စစ်အာဏာရှင် ချေမှုန်းရေး ချီတက် သပိတ်မှောက်ကြသည်။
သပိတ်စစ်ကြောင်းတွင် ယင်းမာပင်-ဆားလင်းကြီး ကျေးရွာရွာပေါင်းစုံ လူထုသပိတ်စစ်ကြောင်း၊ပုလဲမြို့နယ်လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီနှင့်ယင်းမာပင်ဒေသတွင်း သပိတ်အင်အားစု အချို့တို့ တပ်ပေါင်းစု လူထုသပိတ်တိုက်ပွဲ ညနေဆည်းဆာ သပိတ်အနေနှင့်အတူ ချီတက်တိုက်ပွဲဝင်ကြကြောင်း သိရှိရသည်။