25 C
Yangon

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြန်မာနိုင်ငံသို့ ပြန်ပို့မည်ဖြစ်သော်လည်း လုံခြုံရေးအရ ပြန်ပို့မည့်ရက်နှင့်အချိန်ကို ဘင်္ဂလားဒေ့ရှ်က လျှို့ဝှက်ထား

Must read

စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးကို လုံခြုံရေးစိတ်မချရ၍ ရန်ကုန်မြို့သို့ ယာယီပြောင်းရွှေ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးသွားသော မြန်မာ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မကြာမီ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်တော့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန်မာမွတ်က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင်ပြောဆိုလိုက်သည်။

“ဒါက ကျွန်တော်တို့ရဲ့ ဦးစားပေးက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြန်ပို့ဖို့ပါပဲ။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်ဖက်စလုံးက မကြာခင် ပြန်ပို့မယ်လို့ သဘောတူညီမှု ရခဲ့ပါတယ်” ဟု ၎င်းက ယမန်နေ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့၏ လုံခြုံရေး ဝန်ထမ်းများကို ပြန်လည်ခေါ်ယူလိုသည်ဟု ပြောဆိုကြောင်း၊ သို့ရာတွင် ပြန်ပို့မည့် ရက်စွဲကို လုံခြုံရေးကိစ္စအဖြစ် လျှို့ဝှက်ထားကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

” ပြန်ပို့မယ့် ရက်ကိုတော့ မပြောနိုင်ပါဘူး။ လုံခြုံရေးကိစ္စတွေပါ ပါဝင်နေတာကြောင့် လျှို့ဝှက်ထားပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာပြည်တွင်း ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်၏ လုံခြုံရေးကို အလျှော့အတင်း အလျှော့အတင်း မလုပ်လိုကြောင်း ၊ ဒါကာမြို့ရှိ စစ်ကောင်စီ မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ဆက်လက်ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ရိုဟင်ဂျာ ၁ ဒသမ ၂ သန်းကျော်ကို လက်ခံထားရှိပြီး လုံခြုံရေး၊ ရာသီဥတုနှင့် တရားမဝင် မူးယစ်ဆေးဝါး မျက်နှာစာများတွင် ပြဿနာများစွာ ရင်ဆိုင်နေရကြောင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့သည်။

လက်ရှိတွင် လုံခြုံရေး အခြေအနေကြောင့် မြန်မာနိုင်ငံ စစ်တွေမြို့ရှိ ဘင်္ဂလားဒေ့ရှ် ကောင်စစ်ဝန်ရုံးကို ရန်ကုန်မြို့သို့ ယာယီ ပြောင်းရွှေ့ထားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article