30 C
Yangon

AA က သိမ်းပိုက်ထားသည့် မြို့များကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် တစ်ရက်တည်းတွင်ပင် ပြည်သူ ၉ ဦးသေဆုံး

Must read

ရန်ကုန်| ဇန်နဝါရီ ၁၃

ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသည့် ပလက်ဝမြို့နယ်နှင့် ကျောက် တော် မြို့ကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကြဲမှုကြောင့် တစ်ရက် တည်း အတွင်း အရပ်သား ၉ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်တွင် စစ်ရှုံးနေသည့် စစ်ကောင်စီသည် လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် ပစ်ခတ်လာမှုကြောင့် အရပ်သားပြည်သူများမှာ ယခု ရက်ပိုင်းအတွင်း သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ မြင့်တက်လာကြောင်း ဒေသခံများက ပြောဆိုသည်။

ရက္ခိုင့်တပ်တော်မှ အလုံးစုံထိန်းချုပ်ထားပြီဖြစ်သည့် ပလက်ဝကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် ဂျက်ဖိုက်တာ ၁ စီးဖြင့် ၂ ကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အပြင် လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်အတွင်း အသက် ၈ နှစ်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ဒေသခံအရပ်သား ၂ ဦးတိုမှာ နေရာတွင် သေဆုံးခဲ့ပြီး ၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်သည်။

အလားတူ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညဉ့် ၉ နာရီအချိန်တွင် ဂျက်ဖိုက်တာနှင့် ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၇ ဦးနေရာတွင် သေဆုံးသွားကြောင်း ကျောက်တော်ဒေသခံများက ပြောသည်။

“ညဉ့် အချိန် လာကြဲတာပါ။ ကျောက်တော်မြို့ကို ဗုံးလာကြဲတယ်။ အဲ့ဒီမှာ ပိုက်သည် ရပ်ကွက်က ၇ ယောက် သေဆုံးသွားပါတယ်။ ၆ ယောက်လောက် ဒဏ်ရာ ရပါတယ်။ နေအိမ်တော်တော်များများလည်း ပျက်စီးသွားတယ်။ တစ်ချို့ လူတွေက ထွက်ပြေးနေကြရပါတယ် “ဟုပြောသည်။

ထိုရပ်ကွက်မှာ မွတ်ဆလင်များနေထိုင်သည့် ရပ်ကွက်ဖြစ်ပြီး ၎င်းဂျက်ဖိုက်တာသည် ရန်ကုန်- စစ်တွေ ကားလမ်းမရှိ ကစ္ဆပနဒီတံတားကို ဗုံးခွဲတိုက်ခိုက်ခဲ့မှုကြောင့် လူသွားလာသည့် လမ်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျောက်တော်ဒေသခံတစ်ဦးက “ကျောက်တော်က ပိုက်သည်ရပ်ကွက် (မွတ်ဆလင်) ရပ်ကွက်ကို လေယာဉ်နဲ့ ဗုံးကြဲခဲတယ်။ မီးတော်တော် လောင်နေတယ်။ ပြီးတော့ ရန်ကုန်- စစ်တွေ ကားလမ်းမရှိတဲ့ ကျောက်တော် ကစ္ဆပနဒီတံတားကို ဗုံးကြဲခဲ့တယ်။ လူသွားတဲ့ လမ်း တော်တော်ကို ပျက်စီးသွားတယ်”ဟုပြောသည်။

ထို့ပြင် မင်းပြားကို ဖေဖော်ဝါရီ ၁၂ ရက်နေ ညနေ ၃ နာရီခွဲခန့်တွင် မင်းပြားမြို့နယ် စွန်ရဲ လမ်းမထက် ပုလဲပေါက်ရွာနားကို စစ်ကောင်စီက ဂျက်ဖိုက်တာနှင့် ဗုံးကြဲတိုက်မှုကြောင့် အရပ်သား ၄ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း မင်းပြားဒေသခံများက ပြောသည်။

ပလက်ဝမြို့အပါအဝင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား ပေါက်တော၊ တောင်ပြိုမြို့များကို ရက္ခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ယင်းမြို့အားလုံးကို သိမ်းပိုက်ထားကြောင်း ညီနောင်မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော် AA က ကျောက်တော်တွင် စစ်ကောင်စီ စစ်ရေယာဉ် ၃ စီးကို နစ်မြုပ်အောင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ဖေဖော်ဝါရီလ ၁၂ ရက်တွင်လည်း မင်းပြားတွင် နောက်ထပ် တစ်စီးကို တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့သည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်က ဆိုသည်။

AA ထိုးစစ်များတွင် အာဏာသိမ်းစစ်ကောင်စီသည် ရခိုင်ပြည်အတွင်း စစ်ရှုံးလာနေ၍ တန်ပြန်တိုက်ခိုက်မှုတွင် အရပ်သားပြည်သူများအား ဦးတည်တိုက် ခိုက်လာသည်ဟု မြောက်ပိုင်းညီနောင်မဟာမိတ်က ယမန်နေ့က ထုတ်ပြန်ပြောဆိုထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article