25 C
Yangon

စစ်ကောင်စီလက်အောက် စစ်မှုမထမ်းလိုသော လူငယ်များနှင့်ပြည်သူများအတွက် ခိုလှုံရာ စီစဉ်ပေးရန် NUG နှင့် ERO များကို တိုက်တွန်းလိုက်ပြီး စစ်မှုမထမ်းမနေရ ဥပဒေကို GSCB နှင့် CTUM တို့က ကန့်ကွက်ရှုတ်ချ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ (EROs) အနေဖြင့် “စိုးရိမ်ပူပန်နေသည့်” လူငယ်ပြည်သူများကို ခိုလှုံရာများ၊ တော်လှန်ရေးအင်အားစုများနှင့် ပူး ပေါင်း ပါဝင်နိုင်သည့် အခင်းအကျင်းများ၊ အခြေအနေများကို ပြင်ဆင်ကာ နွေးထွေးစွာကြိုဆိုပေးရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု – GSCB က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တိုက်တွန်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီက နအဖ စစ်အစိုးရလက်ထက် ၂၀၁၀ ခုနှစ်က ပြဌာန်းခဲ့သော ပြည်သူ့ စစ်မှုထမ်းဥပဒေသည် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ကစ၍ အသက်ဝင်ကြောင်း ထုတ်ပြန် ကြေညာခဲ့သဖြင့် အတင်းအဓမ္မစစ်သား စုဆောင်းခံရမည့် အရေးကို စိုးရိမ်ပူပန်နေကြ သည့် လူငယ် များအပေါ် ဖေးမကူညီပေးရန် အထွေထွေ သပိတ်ပေါင်း စပ်ညှိနှိုင်းရေးအင်အားစု GSCB တိုက်တွန်း ထားခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်သည် အကြမ်းဖက်စစ်အုပ်စုလက်ဝေခံ ဖက်ဆစ်စစ်တပ် အနေဖြင့် စစ်အုပ်စုက ပြဌာန်းခဲ့သော အဆိုပါ စစ်မှုထမ်းဥပဒေကို အသုံးပြု၍ (တရားဝင်သကဲ့သို့) အတင်းအဓမ္မ လူသစ်စု ဆောင်းရန်နှင့် တပ်သားသစ်များကို လူသားတံတိုင်းအနေဖြင့် အသုံးပြုရန် ကြံရွယ်သော ပက်စက် သည့် သွေးရူးသွေးတန်း ဆောင်ရွက်ချက်သာ ဖြစ်ပြီး ထိုထုတ်ပြန်ချက်ဖြင့် “မည်သူ့ကိုမဆို၊ မည် သည့် အကြောင်းပြချက်မျှမရှိဘဲ၊ မည်သည့်နေရာတွင်မဆို” အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွား ခြင်း၊ တပ်သားသစ် စုဆောင်းခြင်းများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ရန် ဖြစ်ကြောင်း၊ ယခုကဲ့သို့ အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုသည် ပြည်သူများအချင်းချင်း သတ်ဖြတ်စေရန် အတင်းအဓမ္မ ပြုလုပ်ခြင်းလည်း ဖြစ်ကြောင်း GSCB က ထောက်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက် နောက်ပိုင်းတွင်လည်း ကလေးမြို့အပါအဝင် မြို့နယ်အချို့တွင် အကြမ်းဖက် စစ်ကောင်စီ လက်ဝေခံ စစ်သားနှင့်ရဲများက လူငယ်များအား အကြောင်းမဲ့ စာရင်းကောက်ခံခြင်းများ၊ ဖမ်းဆီးခြင်းကြောင့် လူပျောက်ခြင်းများ ဖြစ်ပေါ်နေကြောင်း၊ လက်ရှိကာလတွင် လူ ငယ် များ ပျောက်ဆုံးခြင်း၊ သတ်ဖြတ်ခံရခြင်းနှင့် ဖမ်းဆီးနှိပ်စက် အကြမ်းဖက်ခံရခြင်းများအတွက် အကြမ်းဖက် စစ်အုပ်စုသာမက ၄င်းတို့ လက်ဝေခံ စစ်သားနှင့် ရဲများတွင်ပါ အပြည့်အဝ တာဝန်ရှိ ကြောင်း GSCB က ပြောကြားသည်။

အကြမ်းဖက်စစ်အုပ်စုသည် ကျောသားရင်သား မခွဲခြားဘဲ မည်သူကိုမဆို ဖိနှိပ်၍ ၎င်းတို့ကိုယ်ကျိုး နှင့် အာဏာတည်မြဲရေးအတွက် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့် လူငယ်၊ လူရွယ်များကို ဦးတည် ဖိနှိပ်လာခြင်း ဖြစ်ပြီး တော်လှန်ပြည်သူတရပ်လုံး အနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ မတရားဖိနှိပ်မှု များကို အုံကြွတော်လှန်ရန်နှင့် မတရားသည့် အမိန့်အာဏာဟူသမျှ ဖီဆန်ကြ၍ ကျွန်ုပ်တို့ အမှန် တကယ် လိုလားသည့် တိုင်းပြည်ကိုတည်ဆောက်ရန် တညီတညွတ်တည်း အတူတကွ ပူးပေါင်း ပါဝင်ကြရန် တိုက်တွန်းထားသည်။

အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် လူမျိုးစုတော်လှန်ရေးအင်အားစုများ (EROs) အနေ ဖြင့် “စိုးရိမ်ပူပန်နေသည့်” လူငယ်ပြည်သူများကို ခိုလှုံရာများ၊ တော်လှန်ရေးအင်အားစုများနှင့် ပူး ပေါင်းပါဝင်နိုင်သည့် အခင်းအကျင်းများ၊ အခြေအနေများကို ပြင်ဆင်ပြီး နွေးထွေးစွာကြိုဆိုပေးခြင်း၊ လူ့စွမ်း အားအရင်းအမြစ်များကို စနစ်တကျစီမံနိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းများ ပြုလုပ်ရန် GSCB က ထပ်မံတိုက်တွန်းထားသည်။

နိုင်ငံတကာအင်အားစုများအနေဖြင့် အကြမ်းဖက်စစ်အုပ်စုက “လူသားမျိုးနွယ်ပေါ် ကျူးလွန်နေ သည့် စစ်ရာဇဝတ်မှုများ” ကို ယခုထက်ပိုမို စောင့်ကြည့်နေပါက မြန်မာပြည်သူများ၊ တိုင်းပြည်၏ အနာဂတ်ဖြစ်သည့် လူငယ်လူရွယ်များ ယခုထက်ပိုမိုဆုံးရှုံးတော့မည့်အပြင် ယခုအခြေအနေသည် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုကိုပါ ထိခိုက်နိုင်ပါသောကြောင့် အရေးယူဆောင်ရွက် မှုများ အမြန်ဆုံး လုပ်ဆောင်ကြရန် GSCB အထူး အလေးအနက်ထား တိုက်တွန်းသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့ကိုယ်တိုင် ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်၍ အာဏာသိမ်းခဲ့ခြင်းသည် နိုင်ငံတော်ပုန်ကုန်မှု ဖြစ်ပြီး ၎င်းတို့၏ တရားဝင်မှုပါ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုသည် ဥပဒေ များ ပြင်ဆင်ခြင်းနှင့် အတည်ပြုပြဌာန်းခြင်းများကို လုပ်ပိုင်ခွင့်မရှိကြောင်း၊ အကြမ်းဖက် စစ်အုပ်စု အနေဖြင့် ပြည်သူ့သဘောဆန္ဒမပါဝင်သော တရားဝင်မှုမရှိသည့် ဥပဒေများ၊ ထုတ်ပြန်ချက်များဖြင့် “အတင်းအဓမ္မ” စစ်သားသစ်စုဆောင်းရန် ကြံရွယ်နေမှုများသည် “လူသားမျိုးနွယ်အပေါ် ကျူး လွန် သော စစ်ရာဇဝတ်မှုများ” ကို ထပ်မံကျူးလွန်မည့် အစ ဖြစ်ကြောင်း GSCB က ထောက်ပြထား သည်။

အကြမ်းဖက်စစ်အုပ်စုသည် နိုင်ငံအနှံ့ စစ်မျက်နှာအမျိုးမျိုးတွင် သမိုင်းဝင် ရှုံးနိမ့်မှုကြုံတွေ့နေရပြီး အကြမ်းဖက်စစ်အုပ်စုတပ်သားများ အများအပြား ထိခိုက်သေဆုံးမှုများ၊ ပြင်းထန်ဒဏ်ရာရမှုများနှင့် စစ်တပ်အား စွန့်ခွာထွက်ပြေးသဖြင့် အင်အားဆုံးရှုံးမှုများကို ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ၎င်းတို့၏ လူအင်အားလိုအပ်ချက်ကို “ပြည်သူ့စစ် (ပျူစောထီးများ) အင်အားစုဆောင်းခြင်း ခေါင်းစဥ်ဖြင့်” တိုင်းနှင့်ပြည်နယ်အနှံ့မှ (အထူးသဖြင့် ပဲခူး၊ ရန်ကုန်နှင့် တနင်္သာရီ) ကျေးရွာများတွင် ၂၀၂၃ ခုနှစ် နောက်ဆုံး (၃) လပတ်အတွင်း အတင်းအဓမ္မလူသစ်စုဆောင်းခြင်း၊ လူငယ်များကို “အတင်းအဓမ္မ ပျောက်ဆုံးနေစေခြင်း” များကို တရားမဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အလားတူ အကြမ်းဖက်စစ်ကောင်စီ၏ စစ်မှုမထမ်းမနေရ အမိန့်ထုတ်ပြန်သည့်အပေါ် မြန်မာနိုင်ငံလုံး ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့က ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

အတင်းအဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းသည် အဓမ္မခိုင်းစေမှုဖြစ်ပြီး နိုင်ငံတကာအလုပ်သမားစံနှုန်းများ ကို ပြောင်ပြောင်တင်းတင်း အလွဲသုံးစားလုပ်ကာ စိန်ခေါ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်က ဝေဖန်ထောက်ပြထားသည်။

“လက်ရှိမှာ အလုပ်သမားအခွင့်အရေးတွေအပြင် လူ့အခွင့်အရေးတွေပါ တွင်တွင်ကျယ်ကျယ်ချိုး ဖောက်နေတဲ့ စစ်တပ်ဆီမှာ အမှုထမ်းမယ့်အစား အသေသာခံချင် ခံလိုက်မယ်” ဟု ရန်ကုန်မြို့ရှိ အလုပ်သမားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စစ်တပ်သည် ကျရှုံးနေမှန်း သိလျက်နှင့် တိုင်းပြည်၏ အခြေခံအုတ်မြစ်များကို မီးရှို့ဖျက်ဆီးပြီး လောင်တိုက်သွင်း နေ သည့် အကြမ်းဖက် စစ်အုပ်စု၏ အားထုတ်မှုကို ဖြိုခွင်းရန်အတွက် စည်းလုံးညီညွတ်ကြရန် လို အပ်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် – CTUM အနေဖြင့် အကြမ်းဖက် စစ် အုပ်စု၏ လူမဆန်သည့် လုပ်ရပ်များကို လုံးဝ ဆန့်ကျင်ကန့်ကွက်ကာ ဖက်ဒရယ် ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်က ပျူစောထီးများကို စစ်သင်တန်းပေးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်တပ်က ပျူစောထီးများကို စစ်သင်တန်းပေးနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article