25 C
Yangon

နွားထိုးကြီးမြို့နယ်၊ ပြင်စည်ရွာ အမြန်လမ်းရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး၊ ကြာပင်အိုင်ကျေးရွာရှိ စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲ ဖျက်ဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ပြင်စည်ကျေးရွာ အမြန်လမ်းရဲစခန်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံ ခရိုင်တပ်ရင်း အမှတ် ၄ တပ်ရင်း နွားထိုးကြီး PDF ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်က နွားထိုးကြီးမြို့နယ်၊ ပြင်စည်‌ကျေးရွာ အမြန်လမ်းရဲ စခန်း၌ တပ်စွဲပြီး လမ်းသွားလမ်းလာပြည်သူများကို ခြိမ်းခြောက်ငွေညှစ်နေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးခန့်ကို ဒရုန်းဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၃ နာရီခန့်တွင် နွားထိုးကြီးမြို့နယ်၊ ကြာပင်အိုင်ကျေးရွာ အနီးရှိ အကြမ်းဖက်စစ်အုပ်စုပိုင် Mytel တာဝါတိုင်ကို မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ် ရင်းမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article