37 C
Yangon

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရ

Must read

မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းရှိ အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ဒရုန်း ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ၃ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း -MSPDF မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွင်ဂူးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက် ၉ နာရီခန့်မှ ၁၁ နာရီခန့်အထိ မြောင်မြို့နယ်၊ ကျောက်ရစ် ရဲစခန်းမှ စစ်ကောင်စီတပ်သားများ နေထိုင်လျက်ရှိသော နေရာများကို “Shar Htoo WAW” နည်း ပညာ တိုက်ခိုက်ရေး Fixed Wings Drone များဖြင့် Air Bomb ၆ လုံး ၊ လက်လုပ် Rocket ၄ လုံး တို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိပြီး ၁ ဦးမှာ ခေါင်းထိမှန်ဒဏ်ရာရရှိထားသဖြင့် သေဆုံးနိုင်ဖွယ်ရှိကြောင်း သိရသည်။

“အပြင်းအထန် ထိခိုက်ဒဏ်ရာရတဲ့သူက သေနိုင်တယ်လို့တော့ ကြားတယ်၊ သေတယ်တော့ မကြား သေးဘူး” ဟု စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း -MSPDFမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ မလွင်ဂူး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို စစ်ကိုင်းခရိုင်အမှတ် ၄ တပ်ရင်း-MSPDF/MSDF ၊ မြင်းခြံခရိုင် အမှတ် ၃ တပ်ရင်း၊ မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်း-NRDF ၊ မိတ္ထီလာခရိုင်အမှတ် ၃ တပ်ရင်း၊ ချောက်PDF၊ မုံရွာခရိုင်အမှတ် ၁၂ တပ်ရင်း-တပ်ခွဲ ၂ ၊ Justice Waerrior Forces နှင့် MGN – 35 တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article