35 C
Yangon

အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ကျေးရွာကို ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ကျေးရွာကို ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ကျေးရွာကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း BGS Ayadaw Drone Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ကျေးရွာကို ဝင်ရောက်လာသော အင်အား ၆၀ ဦးခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ယာယီအခြေပြု တပ်စွဲထားသော ‌အဆောက်အဦးကို တော်လှန်ရေး တပ်ဖွဲ့များက လက်လုပ် ၁၂၀ မမ ဗုံးသီး ၃ လုံး နှင့် မိုင်းမင်းသား ပြောက်ကြားတပ်ဖွဲ့၏ fixed wing လေယာဉ်ဖြင့် လက်လုပ် ၆၀ မမ ဗုံးသီး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“အဲ တိုက်ခိုက်မှုက စစ်ခွေး ၅ ကောင် ထိခိုက် ဒဏ်ရာ ရရှိတယ်လို့ပဲ သိရပါတယ်‌” ဟု BGS Ayadaw Drone Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force နှင့် Ayadaw Rocket ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ့ ၊မုံရွာခရိုင် တပ်ရင်း (၁၉) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article