32 C
Yangon

ပုလဲမြို့နယ်၊ လက်ပုဂံ ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး

Must read

ပုလဲမြို့နယ်၊ လက်ပုဂံ ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်ပုဂံ ကျေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ဒေသတော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေ‌ဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ပုလဲမြို့နယ် အနောက်ဘက် ၂ မိုင်ခန့် အကွာအဝေးရှိ လက်ပုဂံကျေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် ဒေသတော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၁၀ ဦးသေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့များဘက်မှ တပ်ခွဲမှူး အဆင့်ရှိသူ ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲက ကျွန်တော်တို့အဖွဲ့နဲ့ ၁ နာရီ ကျော် တိုက်ပွဲစဖြစ်တယ်။ စစ်ခွေးတွေဘက်က ၁၀ ဦးထက် မနည်းကျတော့ နမခက ပထွေးကို လေကြောင်း ပစ်ကူတောင်းတယ်။ အဲလိုတောင်းပြီး ၁၁ နာရီ လောက်ကျ တော့ နမခက နေ Mi35 နဲ့ ဗုံးကျဲ ပစ်ခတ်တယ်။ အဲလိုပစ်ခတ်လို့ ကျွန်တော်တပ်ဖွဲ့က တပ်ခွဲမှူးအဆင့်ရှိတဲ့ ညီလေး ကောင်းကင်ကျဆုံးခဲ့ရတယ်” ဟု ဒေသတော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပုလဲမြို့မှ ကျေးရွာများကို စစ်ကြောင်းထိုးရန် ထွက်ခွာလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article