28 C
Yangon

ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကို စစ်ကောင်စီ တပ်သားများ ဝင်ရောက်ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဝင်ရောက် ပစ်ခတ်ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ နဘူးတောကျေးရွာကို ဘန့်ဘွေးရွာမှ ထွက်ခွာလာသော ပျူစောထီးနှင့် အကြမ်းဖက် စစ်သားများက ဝင်ရောက် စီးနင်း ပစ်ခတ်ရာ ကျေးရွာနေ ပြည်သူ ၁ ဦး သေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

ဘန့်ဘွေးရွာမှ ပျူစောထီးများနှင့်အကြမ်းဖက် စစ်သားများသည် နဘူးတော ကျေးရွာ၌ နာရေးပြင်ဆင်နေချိန်၌ ကျေးရွာအတွင်းကို ဝင်ရောက်လာကာ ဦးသောင်းခိုင်ဆိုသူကို အကြောင်းမဲ့ ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးလည်း ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူမှာ ကျေးရွာတွင် လက်လုပ်လက်စား အလုပ်သမား တစ်ဦးဖြစ်ပြီး ပျူစောထီးများနှင့် အကြမ်းဖက် စစ်သားများက နဘူးတောကျေးရွာရှိ စျေးဆိုင်မှ ဘီယာဖာများနှင့် ဂစ်တာ ၁ လက်ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article