32 C
Yangon

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရကာ နေအိမ်၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အဦးများ ထိခိုက်ပျက်စီး

Must read

ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရကာ နေအိမ်၊ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အဦးများ ထိခိုက်ပျက်စီး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရကာ စာသင်ကျောင်းနှင့် ဘာသာရေး အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်တွင် မူးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်း အကြမ်းဖက် စစ်တပ်များက ဒရုန်းဖြင့် မြက်နီကွင်းကျေးရွာ အတွင်း ၃ ကြိမ်ခန့် ဗုံးကျဲခဲ့သောကြောင့် ညားနော်ဆဲဂေ၏ နေအိမ် မီးလောင် ပျက်စီးခဲ့ပြီး ညားနော်မူထူး၏ နေအိမ်နှင့် ကျေးရွာ စာသင်ကျောင်းမှာလည်း လက်နက်ကြီး ကျည်စထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ကွင်းချောင်းဝမှနေပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ရေတွင်းကုန်းလေးရွာဘေး ကျရောက် ပေါက်ကွဲခဲ့ပြီး ကိုပြူး ပိုင်ဆိုင်သော နွား ၁ ကောင် ထိမှန် သေဆုံးကာ စောဟေဘလု၏ မတ်ပဲခင်း ၄ ဧက နှင့် ရေတွင်းကုန်းရွာရှိ ဘုန်းကြီးကျောင်းလည်း မီးလောင် ပြာကျခဲ့ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ရွှေဝါ အခြေစိုက် ခမရ−၃၀၇ မှနေ၍ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ရာ လက်တက်ကြီး ရွာဘေးတွင် ၁ လုံး၊ လက်တက်ကြီး ကျေးရွာထဲတွင် ၂ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လက်တက်ကြီး ရွာသား ဦးစိန်လှ ၄၈ နှစ် လက်နက်ကြီးကျည် ထိမှန် သေဆုံးခဲ့ရပြီး ဦးသိန်းလွင် ၆၀ နှစ် ၊ မသန်းရွှေ ၄၅ နှစ် ၊ မောင်အာကာ ၅ နှစ် တို့လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိကာ နေအိမ် ၂ လုံး ထိမှန် ပျက်စီးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၁ဝ နာရီ ၄၀ မိနစ်ခန့်တွင် ဆောထိမြို့နယ် အုပ်ချုပ်နယ်မြေ၌ အကြမ်းဖက် စစ်တပ်က ဂျက်တိုက်လေယာဉ် ၂ စီးဖြင့် ထီးဝါးထာ ကျေးရွာ အတွင်းကို ၂ ကြိမ် ဗုံး ၈ လုံးခန့် ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် ဘုရားရှိခိုး ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article