25 C
Yangon

ရွှေကူမြို့နယ်၊ မြို့လှမြို့တွင် နှစ်ပေါင်း ၂၂ နှစ်ကျော်ကြာ တပ်စွဲခဲ့သော ခမရ ၃၈၇ ဗျူဟာစခန်းကုန်းကို စစ်တပ်က စွန့်ခွာသွားသဖြင့် KIA နှင့် KPDF က ဗျူဟာစခန်းကုန်းကို ထိန်းချုပ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့လှမြို့တွင် နှစ်ပေါင်း ၂၂ နှစ်ကျော်ကြာ တပ်စွဲခဲ့သော ခမရ ၃၈၇ ဗျူဟာစခန်းကုန်းကို စစ်တပ်က စွန့်ခွာသွားကြောင်း မြို့လှ PDF က ပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၀၂ ခုနှစ်မှစတင်ပြီး အထိုင်ချ တပ်စွဲခဲ့သော ခမရ ၃၈၇ ဗျူဟာစခန်းကုန်းကို နှစ်ပေါင်း ၂၂ နှစ်ကျော်ကြာ တပ်စွဲခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စွန့်ခွာသွားခဲ့ကြောင်း သိရှိရသည်။

စစ်တပ်က စွန့်ခွာသွားသော ခမရ ၃၈၇ ဗျူဟာစခန်းကုန်းသည် ကချင်ပြည်နယ် KIA အမှတ် ၅ နှင့် မြို့လှ K-PDF တပ်ရင်း နယ်မြေ အတွင်းတွင်ရှိကြောင်း၊ ယင်းစခန်းကို တပ်မ ၈၈ လက်အောက်ခံ ခမရ ၃၈၇ ဗျူဟာမှူး ဝင်းသူရအောင် ဦးစီးကွပ်ကဲကြောင်း၊ အဆိုပါ ဗျူဟာစခန်းကုန်းကို KIA အမှတ် ၅ တပ်ရင်းနှင့် မြို့လှ K-PDF တပ်ရင်းတို့က ပြန်လည်ထိန်းချုပ်လိုက်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article