25 C
Yangon

စစ်ကိုင်းမြိုတွင် ပြန်ကြားရေး ဒုဝန်ကြီး ရဲတင့် လိုက်ပါလာသော ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်အရာရှိ ၂ ဦးသေဆုံးပြီး ကား ၃ စီး မိုင်းထိမှန်ပျက်စီး

Must read

ဒုဝန်ကြီး ရဲတင့် မိုင်းမထိဘဲ လွတ်မြောက်သွားခဲ့ပြီး ပြင်ဦးလွင်ရောက်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြိုတွင် ပြန်ကြားရေး ဒုဝန်ကြီး ရဲတင့် လိုက်ပါလာသော ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ အရာရှိ ၂ ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းမြိုအခြေစိုက် ဒေသတော်လှန်ရေး သတင်းရင်းမြစ်နှင့် နေပြည်တော်ပြန်ကြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းမြို တိုင်းရင်းသား ဒီကရီကောလိပ်မှ ပြန်လာသည့် ပြန်ကြားရေး ဒုဝန်ကြီး ရဲတင့် လိုက်ပါလာသော ယာဉ်တန်းကို Phoenix-Sagaing အဖွဲက အုန်းတောနှင့် စစ်ကိုင်း အကြားတွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ အရာရှိ ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“အခုကျွန်တော်တို အတည်ပြုရတာကတော့ ပြန်ဆက် ဒုတိယ ဝန်ကြီး ဦးရဲတင့်လိုက်ပါလာတဲ့ ယာဉ်တန်းလို သိရတယ်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်မှာ မိုင်းဆွဲတာ မိုင်းဆွဲတဲ့ နေရာက အုန်းတောနဲ့ စစ်ကိုင်း ကြားမှာ မိုင်းဆွဲတဲ့ အဖွဲက Phoenix-Sagaing အဖွဲပါ။ ကျွန်တော်တို သိရတာ ၂ ပွင့်ဗိုလ်နဲ့ ၃ ပွင့်ဗိုလ် ၂ ကောင်သေတယ်လို သိရတယ်။ အဲဝန်ကြီးကတော့ ထိခိုက်ဒဏ်ရာရလားတော့ မသိရဘူး။ မိုင်းဆွဲ ခံရတဲ့ ကားကြည့်ရတာတော့ သူလည်း ထိမယ့် သဘောရှိတယ်။ သူက အကောင်ကြီးတော့ သတင်းမသိရဘူး” ဟု စစ်ကိုင်းမြိုအခြေစိုက် ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

ပြန်ကြားရေးဝန်ကြီးဌာန သတင်းရင်းမြစ်ကလည်း ဒုဝန်ကြီး ရဲတင့် စစ်ကိုင်းမြိုသို သွားရောက်ခဲ့သည့် သတင်း မှန်ကန်ကြောင်း ၊ မိုင်းဆွဲခံခဲ့ရသော်လည်း ဒုဝန်ကြီး တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ မန္တလေးတိုင်း၊ ပြင်ဦးလွင်ဘက်သို ဆက်လက် ထွက်ခွာခဲ့ကြောင်း ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ပြန်ကြားရေးဒုဝန်ကြီး ရဲတင့်သည် စစ်ကိုင်းမြို တိုင်းရင်သားလူမျိုးများ ဖွံဖြိုးရေးတက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုနောက် စစ်ကိုင်းမြို ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံဖြိုးရေး ဒီဂရီကောလိပ်တွင် ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံခဲ့ကြောင်း၊ စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို လည်း ရောက်ရှိခဲ့ကြောင်း၊ ယင်းခရီးစဉ်များအတွင်း မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း သိရှိရသည်။

ပြန်ကြားရေးဒုဝန်ကြီး ရဲတင့်သည် စစ်တပ် အရာရှိဟောင်းတစ်ဦးဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနသို အရာရှိအဖြစ် ဝင်ရောက်လာသော စစ်တပ် အငြိမ်းစား တစ်ဦးဖြစ်သည်။

မိုင်းဆွဲမှုကြောင့် ဒုဝန်ကြီး ရဲတင့် ယာဉ်တန်းမှ Mercedes တစ်စီးအပါအဝင် ကား ၃ စီး ပျက်စီးသွားခဲ့ကြောင်း၊ ပျက်စီးသွားသောကားများအနက်မှ မာစီးဒီကားမှာ ရန်ကုန်နံပါတ် 1F/3777 ဖြစ်ပြီး ရန်ကင်းမြိုနယ်မှ ဒေါ်မီမီလှိင် အမည်ပေါက်ကားဖြစ်ကြောင်း၊ မိုင်းဆွဲခံရပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ကားများအားလုံးကို ပြန်လည်သယ်ယူသွားခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article