25 C
Yangon

ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ ပေါင်းတည်တွင် စစ် ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး

Must read

ကျိုက်ထို၊ မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး၊ ပေါင်းတည်တွင် စစ် ကြောင်းကို စနိုက်ပါဖြင့် ပစ်ခတ်မှု စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ အကြမ်းဖက်စစ်တပ် စစ်ရေးဂိတ်ကို ဒရုန်း၊ လက် နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ ၆ ဦးသေဆုံးခဲ့ကြောင်း ကျိုက်ထိုတော်လှန် ရေး အင်အားစု – KRF ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက် ၁၁ နာရီခန့်က အကြမ်းဖက်စစ်သား၊ ရဲ ပူးပေါင်းတပ်စွဲထား သည့် ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်လမ်းဆုံရှိ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်း၊ ၆၀ မမ၊ ၄၀ မမ လက်နက်ကြီးများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး ၃ ဦးမှာ ဆေးရုံသို့ သယ်ဆောင်သွားစဉ် လမ်းခုလတ်၌ သေဆုံး သွားကြောင်းသိရသည်။

ထို့အပြင် အကြမ်းဖက်စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်စစ် သား၊ ရဲများ၏ အနီး၌ ဈေးရောင်းချနေသော ဈေးသည်တစ်ဦးလည်း ဂုတ်ပိုးရှပ်ထိဒဏ်ရာ မစိုးရိမ်ရ ရရှိခဲ့ကြောင်း ၊ ဈေးသည်ပြည်သူထိခိုက်ခဲ့မှုအပေါ် လွန်စွာမှ စိတ်မကောင်းဖြစ်မိပြီး မိဘပြည်သူများအနေဖြင့် အ ကြမ်း ဖက်စစ်သား၊ ရဲများနှင့်နီးကပ်စွာ နေထိုင်ဆက်ဆံခြင်း၊ ရောင်းဝယ်ဖောက်ကားဖြင့် မပြုကြရန် ထပ်တောင်းသတိပေးပါကြောင်း KRF က ထုတ်ပြန်ထားသည်။

အဆိုပါတိုက်ခိုက်မှုကို ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF နှင့် ကျိုက်ထိုမြေို့နယ် ပကဖ တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု – KRF အနေဖြင့် စစ်အာဏာရှင် စနစ်ကျဆုံးသည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်တို့ကို အသက်ပေးကာ ကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူလူထုအပေါ် တစ်စုံတစ်ရာ ထိခိုက်၊ နစ်နာ၊ ပျက်စီး စေမည့် ဖောက်ခွဲမှု၊ ပစ်ခတ်မှုများ ပြုလုပ်ခြင်း အလျဉ်းမရှိပါကြောင်း အသိပေးထားသည်။

အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါင်းတည်မြို့နယ်၊သစ်ပုတ်အုပ်စု၊လက်ပံခုန်ရွာအနောက်ဘက် နတ်ရေတွင်းရွာတောင်ဘက် ထန်းပင်ကွင်းတွင် စစ်တပ်စစ်ကြောင်းကို ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်- ၃၆၀၁ PPDF တပ်ရင်း၊ စနိုက်ပါအဖွဲ့နှင့်တပ်ခွဲ ၁ တို့က ပစ် ခတ်ရာ စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိကြောင်း ၃၆၀၁ PPDF တပ်ရင်းမှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က သေဆုံးစစ်သားအလောင်းကို လက်ပံခုန်ရွာမှ နေအိမ်များနှင့်အတူ ရော၍ မီးရှို့သွားကြောင်း၊ ယင်းနောက် စစ်တပ်က တော်လှန်ရေးအဖွဲ့များကို လက်နက်ကြီး၊လက်နက်ငယ်မျိုးစုံဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- မုပ္ပလင်စစ်ဆေးရေးဂိတ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article