26 C
Yangon

ဝေါမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများ လက်နက်ချ အလင်းဝင်ကြရန် သတိပေး

Must read

ဝေါမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများ လက်နက်ချ အလင်းဝင်ကြရန် သတိပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ပဲခူးတိုင်း၊ ဝေါမြို့နယ်နှင့် အုတ်ဖိုမြို့နယ်တို့တွင် စစ်သား၊ ရဲနှင့် ပျူစောထီးများ လက်နက်ချ အလင်းဝင်ကြရန် သတိပေးချက်တစ်ရပ်ကို သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်များက ထုတ်ပြန်လိုက်ကြသည်။

လက်နက်နှင့်တကွ အလင်းဝင်ရောက်လာသူ စစ်ကောင်စီလက်အောက်ခံ စစ်သား၊ ရဲ၊ ပျူစောထီး များကို ဦးစားပေးသည့်အနေဖြင့် လက်နက်အမျိုးအစားအလိုက် ကျပ်သိန်း ၃၀ မှ ၁၄၀ အထိချီးမြှင့် ပေးမည်ဖြစ်ကြောင်း မြေအောက် ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုက ထုတ်ပြန်သည်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အခြေစိုက် မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို) အဖွဲ့အနေဖြင့် လက် နက်၊ ရိက္ခာလိုအပ်ချက် ဖြတည့်တင်းရန် လိုအပ်ချက်ရှိသည်မှာ မှန်ကန်သော်လည်း အလင်း ဝင်ရောက်မည့် သူများကို ဦးစွာ ပထမ ထည့်သွင်းစဉ်းသောအားဖြင့် ဆုကြေးငွေသတ်မှတ်ချက်ကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်အမျိုးအစားအလိုက် ဆုကြေးငွေချီးမြှင့်မည့်အပြင် မိသားစုကိုလည်း ဘေးလွတ်ရာသို့ ပို့ဆောင်ပေးရန် မဟာဗျူဟာမြောက်ကြိုတင်အစီအမံများ ချမှတ် ထားကြောင်း သိရသည်။

အဆိုပါ ဆုချီးမြှင့်ခြင်းနှင့် မိသားစုများကို ဘေးလွတ်ရာသို့ ပို့ဆောင်ပေးရေး မဟာဗျူဟာကို အဖွဲ့၏ ဘုံသဘောတူညီချက်ဖြင့် ချမှတ်ခဲ့ခြင်းဖြစ်ပြီး ပစ္စတို သေနတ် ၁ လက်လျှင် ကျပ် သိန်း ၃၀ ၊ MA 1 သေနတ် ၁ လျှင် ကျပ်သိန်း ၈၀ ၊ MA 3 သေနတ် ၁ လက်လျှင် ကျပ်သိန်း ၁၀၀၊ G3 သေနတ် ၁ လက် လျှင် ကျပ်သိန်း ၁၀၀ ၊ AK 47 သေနတ် ၁ လက်လျှင် ကျပ်သိန်း ၁၁၀ နှင့် စက်လက် တစ်လက်လျှင် ကျပ်သိန်း ၁၄၀ ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း၌ ရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကို စစ် ကောင်စီတပ်က လက်နက်တပ်ဆင်ပေးထားပြီး လွှဲမှားနေသော စစ်ကောင်စီနောက်မလိုက်ပဲ ပြည် သူ့ဘက်ပူးပေါင်းကြရန် ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဝေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများကို အကြမ်း ဖက်စစ် တပ်က လက်နက်ထုတ်ပေးထားကြောင်း အုပ်ချုပ်ရေးမှူများ၊ ပျူစောထီးများ အနေဖြင့် အကြမ်း ဖက်စစ်တပ်၏ လွှဲမှားသော ဦးဆောင်မှု အယူဝါဒသို့ နောက်မလိုက်တော့ပဲ ပြည်သူနှင့်အတူ ပူး ပေါင်းကြရန် နောက်ဆုံးအကြိမ် သတိပေးကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ် ပြန်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်ချအညံ့ခံဝင်ရောက်ခြင်းမရှိသော အုပ်ချုပ်ရေးမှူးများ၊ ပျူစောထီးများအပြင် မိသားစုများကိုပါ အရေးခံရမည်ဖြစ်ကြောင်း ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က အသိပေးထားသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်က သင်တန်းပေးနေသည့် ပျူစောထီးများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article