37 C
Yangon

ကောလင်းမြို့တွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မြို့ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးနေပြီး ပြည်သူ ၂၅၀၀၀ ခန့် စစ်ဘေးရှောင်နေရ

Must read

ကောလင်းမြို့တွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မြို့ ၈၀ ရာခိုင်နှုန်းခန့် ပျက်စီးနေပြီး ပြည်သူ ၂၅၀၀၀ ခန့် စစ်ဘေးရှောင်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ကောလင်းမြို့ပေါ် ၈ ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ထားပြီး နောက်ပိုင်းတွင် မြို့ပေါ်ရပ်ကွက်များနှင့် မြို့နားကပ်ရွာများကို မီးရှို့ဖျက်ဆီးနေ၍ ကောလင်းမြို့သည် ၈၀ ရာခိုင်နှုန်းပျက်စီးနေပြီ ဖြစ်ကာ စစ်ေရှာင်ပြည်သူ ၂၅၀၀၀ ခန့်ရှိလာပြီ ဖြစ်ကြောင်း Kawlin Revoluation- KR ထံမှ သိရှိရသည်။

ဖေဖော်ဝါရီ ၈ ရက်မှ စကာ အကြမ်းဖက်စစ်တပ်သည် မြို့ပေါ် ၈ ရပ်ကွက်ကို အပြည့်အဝထိန်းချုပ်ပြီးနောက်ပိုင်း မြို့ပေါ်ရက်ကွက်များကို မီးရှို့၍ အထပ်မြင့်တိုက်များကို အမာခံ နေရာယူထားကြောင်း၊ ကောလင်းမြို့ ပတ်ပတ်လည်ရှိ အကာအရံများ အားလုံးကို မီးရှို့ဖျက်ဆီးထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် မြို့နားကပ်ရွာများဖြစ်သည့် ကျွန်းလှခုံ၊ခွင့်တောင်း၊လက္ပံကွေ့၊ ကျူတော၊ရွာမ၊စံတော်ရာကုန်း၊ဆေးမင်းခုံ၊ဆိုင်ဒူး၊ဝါးရုံခုံ၊ ဇီးခုံ စသည့် ရွာများသည်လည်း မီးလောင်ခံထားရသည့် ရွာများဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လက်ရှိအချိန်တွင် မီးလောင်ခံထားရသည့် ရွာများ အပါအဝင် စုစုပေါင်း ၂၅ ရွာခန့်ရှ်ိ ပြည်သူများ စစ်ဘေးရှောင်တိမ်းနေကြရကြောင်း၊ မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများ အပါအဝင် စစ်ဘေးရှောင်တိမ်းနေကြရသည့် ပြည်သူ ၂၅၀၀၀ ခန့် ရှိလာပြီဖြစ်ကြောင်း Kawlin Revoluation- KR မှ တာဝန်ရှိသူက ပြောကြားသည်။

“ကျွန်တော်တို့ သိရသလောက်ကတော့ စစ်ရှောင် ၂၅၀၀၀ ဝန်းကျင်ထိရောက်လာပါပြီဗျ” ဟု Kawlin Revoluation- KR မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စစ်တပ်၏ လမ်းကြောပိတ်ဆို့ခံထားရမှုများကြောင့် စစ်ရှောင် ပြည်သူများအတွက် စားနပ်ရိက္ခာအခက်အခဲများရှိလာပြီ ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article